Thursday, April 12, 2012

သင်္ကြန်အတွေးစာ( ပိုမို သင်္ကြန် )

ဘာရယ်မဟုပ် သင်္ကြန်ရောက်တုန်းရောက်ခိုက် တစ်နေကုန် ဘယ်မှ မထွက်ပဲ ဟိုတွေး သည်တွေး  လျောက်တွေးနေမိတာလေးပါ။ ကျွန်တော်တို့လမ်းက တဖက်လွှာဆိုတော့ နဂိုလ်က တိတ်ရတဲ့အထဲ သင်္ကြန်ရောက်ရင် တရားထိုင်လို့ရလောက်တဲ့အထိပဲ။ အဝေးက အသံတွေကတော့ တစ်ချက်တစ်ချက် ပျံ့လွင့်လာတတ်တယ်။ ပတ်ဝန်းကျင်မှာကြားနေရတဲ့အ သံက နှစ်မျိုးကွဲနေခဲ့တယ်။ တစ်မျိုးက နားကို မထောင်ချင်တော့တဲ့ သင်္ကြန်မိုးထဲက သီချင်းတွေ နဲ့ ကလီရှေး မြန်မာသံသီချင်းတွေ။ တစ်မျိုးက ချဉ်ချဉ်တူးတူး မြူးရင်ပြီးရော ကုလားသီချင်း၊ နတ်သီချင်း၊ DJ သီချင်း၊ ဟစ်ဟော့သီချင်း၊ သမ္မဂပေါင်းစုံ ရောနှောနေတဲ့ context လွဲနေတဲ့ သီချင်းတွေ။ ခေတ်သစ်သင်္ကြန်ဟာ ကျောရိုး ဂီတ ပျောက်နေကြောင်း ဒီ အစားထိုး ဂီတတွေက သိသာလှပါတယ်။ နားထောင်ရင်းနဲ့ မြန်မာ့သင်္ကြန်ဟာ သင်္ကြန်အခွံထဲ အတွင်းသား ကြိုက်တာ ထဲ့နေကြတဲ့ postmodern သင်္ကြန်များ ဖြစ်နေခဲ့ပြီလားလို့။
ဟိန္ဒူယဉ်ကျေးမှုက နေ ခပ်တည်တည် ယူထားတဲ့ မြန်မာ့ရိုးရာ ဆိုတဲ့ သင်္ကြန်ဟာ ကျွန်တော်တို့ ကြီးပြင်းလာတဲ့ တစ်လျှောက်မှာ အနောက်တိုင်း POP သင်္ကြန်၊ Sexy သင်္ကြန်၊ Beer သင်္ကြန်၊ Business သင်္ကြန် နဲ့ နောင် ဘယ်လို သင်္ကြန် ဖြစ်လာမလဲ စိတ်ဝင်စားစရာပါပဲ။ သေချာတာကတော့ လွတ်ချင်တိုင်းလွတ်တဲ့ အရူးအနှမ်း ပွဲတော်တစ်ခု ဖြစ်လာတာတော့ မငြင်းနင်အောင်ပါပဲ ။


No comments: