ပင်ကိုယ်ရေး အက်ဆေးစာအုပ် မိတ်ဆက်



ဘဝမှာ သူများ စာအုပ်တွေသာ ထုပ်ပေးခဲ့ဖူးတယ်။ ကိုယ့်စာအုပ်ကိုယ် တစ်ခါမှ မထုပ်ဖူး၊ ကိုယ်ရေးတဲ့ စာတွေ ဘယ်သူ့အတွက်မှ သိပ်အကျိုးရှိမယ်လည်း မထင်လို့။ ဒါပေမယ့်လည်း ခင်တဲ့ သူငယ်ချင်းတွေက မြှောက်ပေး၊ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်စာတွေ ကိုယ် စုစည်းကြည့်ချင်တာနဲ့ အက်ဆေး လေးတွေ စပြီး စု ထုပ်လိုက်ပါတယ်။ ခေါင်းစဉ်က မစဉ်းစားမိတဲ့ ကိစ္စတဲ့။ စဉ်းစားစရာတွေ များတဲ့ လောက မှာ မစဉ်းစားမိတဲ့ ကိစ္စတွေအကြောင်း ပြောကြည့်တဲ့သဘောပါ။
အက်ဆေး စုစု ပေါင်း ၂၁ ပုဒ်ပါရှိပြီး အခင်ဆုံး မိတ်ဆွေ နှစ်ယောက်ရဲ့ အမှာ တွေပါရှိပါတယ်။ ဆရာကြီးတွေရဲ့ weight ကို သိသိနဲ့ တမင်ကို ချန်လှပ်ခဲ့တာပါ။ ဘာပဲ ဖြစ်ဖြစ် လုပ်ချင်တာလုပ်လိုက်ရတာ နဲနဲ နေသာထိုင်သာ ရှိသွားသပ။ မိတ်ဆွေတို့လည်း ဖတ်ချင်ရင်ဖတ်နိင်ပါတယ်။ သင်္ကြန်ပြီးမှ ဆိုင်ဖြန့်ပါမယ်။ ရောင်းဈေး က ၂၀၀၀ ကျပ် ပါ။  ဒီ ဘလော့မှာ တချို့ကို တင်ပေးပါမယ်။ အားလုံးကိုတော့ ဖြေးဖြေးမှ ပဲ တင်နိင်ပါမယ်။
                  မစဉ်းစားမိတဲ့ ကိစ္စဆိုတာ ဘာများ လဲ စဉ်းစားကြပေါ့ဗျာ

လေးစားလျက်
ဒီနိုဗို