Friday, March 17, 2017

အစီရင်ခံစာ

သူ့မှာ လစဉ် အစီရင်ခံစာတွေ ပေါင်းပြီး သုံးလပတ် အစီရင်ခံစာ ပြင်ရတယ်၊ သုံးလပတ်အစီရင်ခံစာတွေ ပေါင်းပြီး ခြောက်လပတ် အစီရင်ခံစာတွေ ပြင်ရတယ်၊ ခြောက်လပတ် အစီရင်ခံစာတွေ ပေါင်းပြီး နှစ်ပတ်လည်  အစီရင်ခံစာတွေ ပြင်ရတယ်။ လပတ် အစီရင်ခံစာတွေရဲ့ ပြင်ဆင်ချက်ကို သုံးလပတ် အစီရင်ခံစာမှာ ပြင်ရတယ်။ သုံးလပတ် အစီရင်ခံစာတွေရဲ့ ပြင်ဆင်ချက်ကို ခြောက်လပတ် အစီရင်ခံစာမှာ ပြင်ရတယ်၊ ခြောက်လပတ် အစီရင်ခံစာတွေရဲ့ ပြင်ဆင်ချက်ကို နှစ်ပတ်လည် အစီရင်ခံစာမှာ ပြင်ရတယ်။ နှစ်ပတ်လည် အစီရင်ခံစာက နောက်တစ်နှစ်အကြာမှာ ထွက်ရှိတယ်၊ နောက်တစ်နှစ်အကြာမှာ နောက်တစ်နှစ်အတွက် အစီရင်ခံစာကို ပြင်နေတဲ့အတွက် အရင် နှစ်ရဲ့ အစီရင်ခံစာကို မဖတ်နိုင်တော့၊ နောက်တစ်နှစ်အကြာမှာ နောက်တစ်နှစ်အတွက် အစီရင်ခံစာကို ပြင်နေတဲ့အတွက် နောက်နှစ် နောက်နှစ်တွေမှာလည်း အရင်နှစ် တွေလိုပဲ နှစ်ပတ်လည်  အစီရင်ခံစာတွေ ထွက်ရှိနေဦးမှာပဲ။ ဒါပေမယ့် အစီရင်ခံစာတွေက အမြဲ အရင်နှစ်  တွေအတွက်ပဲ ဖြစ်နေဦးမှာပဲ။


ဒီနိုဗို

1 comment:

သက်ဝေ said...

လပတ်အစီရင်ခံစာ ပြင်နေရင်း ဒီပိုစ့်ကို လာဖတ်မိတယ်...
အတွေးတချို့နဲ့ ခဏတော့ ငြိမ်သက်သွားတယ်...