Friday, March 17, 2017

ခွေးချစ်တဲ့ကောင်မလေး


သူက ခွေးချစ်တဲ့ကောင်မလေးကို ချစ်ပေမယ့် ခွေးတွေကို မချစ်ဘူး၊ ခွေးချစ်တဲ့ကောင်မလေးက ခွေးတွေကို ချစ်ပေမယ့် သူ့ကို မချစ်ဘူး၊ ခွေးတွေက ခွေးချစ်တဲ့ကောင်မလေးကို ချစ်ပေမယ့် သူ့ကို မချစ်ဘူး။ ဒါမှမဟုပ် သူ့ကို ခွေးတွေက မချစ်ဘူးလို့ သူထင်နေတာလည်း ဖြစ်နိင်တယ်။ ဒါမှမဟုပ် သူ့ကို ခွေးချစ်တဲ့ကောင်မလေး က မချစ်ဘူးလို့ သူ ထင်နေတာလည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုပ် ခွေးချစ်တဲ့ကောင်မလေးက သူချစ်နေတာ မသိတာ လည်းဖြစ်နိင်တယ်၊ ဒါမှမဟုပ် ခွေးချစ်တဲ့ ကောင်မလေးက သူ့ကိုချစ်နေတာ သူမသိတာလည်း ဖြစ်နိင်တယ်၊ ဒါမှမဟုပ် သူဟာ ခွေးချစ်တဲ့ကောင်မလေးကို ချစ်နေတဲ့အတွက် ခွေးတွေကို မချစ်တာလည်း ဖြစ်နိင်တယ်၊ ဒါမှမဟုပ် ခွေးချစ်တဲ့ကောင်မလေးဟာ သူ့ကို မချစ်တဲ့အတွက် ခွေးတွေကို ချစ်နေတာလည်း ဖြစ်နိုင်တယ်။ သေချာတာတော့ သူဟာ ခွေးတစ်ကောင်လို ကောင်မလေးရဲ့ ပွတ်သပ်မှုကို အမြဲလိုလား နေခဲ့တာတော့ အမှန်ပဲ။

ဒီနိုဗို 

No comments: