Tuesday, January 10, 2012

ပြူတင်း(A Window by Haruki Murakami)


ပြူတင်းနှုတ်ခွန်းဆက်သလိုက်ပါတယ်ဆောင်းရဲ့ အအေးဓတ်က တစ်ရက်ထက် တစ်ရက် လျော့နည်းလို့လာခဲ့တယ်၊ အခုဆို နေရောင်ချည်က နွေဦးရဲ့ အငွေ့အသက်လေးတွေတောင် ဆောင်နှင်းလာခဲ့ပါပြီ၊ ခင်ဗျားအနေနဲ့ ကျန်းကျန်းမာမာ ရှိလိမ့်မယ်လို့ ကျွန်တော်ယုံကြည် ပါတယ်၊တလောကပို့လိုက်တဲ့ စာက ဖတ်လို့  အတော်ကောင်းပါတယ်၊ဟမ်ဘာဂါ အမဲကင်* နဲ့ဇာတိုလ်သီးကြား စပ်ဆက်ပြီး ရေးသားထားတဲ့ အပိုဒ်လေးက ရေးထားတာ အထူးကောင်းမွန်လှပါတယ်၊ နေ့စဉ်ဘဝ ရဲ့ အစစ်အမှန်သဘောကို အတော်လေး ဖော်ကျူးနိင်တယ်လို့ ခံစားမိပါတယ်၊ မီးဖိုချောင်ရဲ့ ပူပူ နွေးနွေး ဟင်းနံ့ မွှေးမွှေးကိုတောင်ရလာမိတယ်၊ ကြက်သွန်ကို ဓားနဲ့ တစ်တောက်တောက် လှီးနေတဲ့အသံကိုတောင် ကြားယောင်လာမိတယ်၊ခင်ဗျားရဲ့စာကို ဖတ်ရင်း ကျွန်တော့်မှာ ဟမ်ဘာ ဂါအမဲကင် စားချင်စိတ်တွေ ထိမ်းမနိင်သိမ်းမရ ပေါ်လာလိုက်တာ အဲဒီညပဲ အနားက စားသောက်ဆိုင်ကို ပြေးမိတယ်၊ တကယ်တော့ အဲဒီ အိမ်နားက ဆိုင်မှာ တကဆက် စတိုင်၊ ဟာဝိုင်ယီစတိုင်၊ ဂျပန်စတိုင် စသဖြင့် စသဖြင့် ဟမ်ဘာဂါ အမဲကင် ၈ မျိုး တိတိ ရှိတယ်၊ တကဆက် စတိုင် က ကြီးတယ်၊ သူ့အချိန်နဲ့ သူပဲ ရတယ်၊ တက္ကဆက်သားတစ်ယောက် က တိုကျိုမှာ ဒီလို ဟင်းမျိုးရတာ တွေ့ရင် အံ့ သြသွားလိမ့်မယ်၊ ဟာဝိုင်ရီစတိုင်က နာနတ်သီး စိတ်ကလေးတွေ ဖြူးထားတယ်၊ကယ်လီဖိုးနီးယား စတိုင် ကတော့ --- ကျွန်တော်လည်း မမှတ်မိတော့ဘူး၊ ဂျပန်စတိုင်ကတော့ ဒိုင်ကွန်**ကို ခြစ်ပြီး ဖြူးထားတယ်၊ ဆိုင်က သားသားနားနား အလှဆင်ထားပြီး စားပွဲထိုးမလေး တွေကလည်း အကုန်လုံး လှတပတလေးတွေချည်းပဲ၊ စကတ်တွေက တိုမှ တို၊
ကျွန်တော့် မှာ စားသောက်ဆိုင်ရဲ့ အတွင်း ဘက် အပြင်အဆင်နဲ့ စားပွဲထိုးမလေးတွေ ရဲ့ပေါင်တံ လှလှလေး တွေကို လေ့လာဖို့ ရည်ရွယ်ပြီးသွားခဲ့တာမဟုပ်ပါဘူး၊ ကျွန်တော် အဲဒီကို သွားခဲ့တာ ဟမ်ဘာဂါအမဲကင် စားဖို့ပါ၊ တက္ကဆက်စတိုင်တွေ၊ ကယ်လီဖိုးနီးယား စတိုင်တွေ ဘာတွေ ညာတွေ မဟုပ်ပါဘူး၊ တကယ့် ရိုးရိုးတမ်းတမ်း ဟမ်ဘာဂါ အမဲကင် ပဲ စားချင်တာပါကျွန်တော်က အဲဒီလိုပြောတော့ စားပွဲထိုးမလေးက
ဝမ်းနည်းပါတယ်၊ ကျွန်မတို့ဆိုင်မှာ ဒီလို ဒီလို စတိုင်တွေနဲ့ ဟမ်ဘာဂါအမဲကင် တွေပဲ ရှိပါတယ်ကျွန်တော်လည်း စားပွဲထိုးမလေး ကို အပြစ်တင်မနေတော့ဘူး၊ သူမက မီနူး ဆွဲတဲ့သူမှ မဟုပ်တာ၊ စားပွဲခုံကနေ ပန်းကန် ငုံ့ယူလိုက်တဲ့ အခါ ပေါင်တံ အတိုင်းသား ပေါ်သွားတတ်တဲ့ အခု ဝတ်ထားတဲ့ ဒီ ယူနီဖောင်း ကိုတောင်မှ သူမ ကိုယ်တိုင် ရွေးချယ်ခဲ့တာမှ မဟုပ်တာ၊ ကျွန်တော်လည်း သူမကို ရယ်ပြလိုက်ပြီး ဟာဝိုင်ယီစတိုင် ဟမ်ဘာဂါအမဲကင်ပဲ မှာလိုက်တော့တယ်၊ သူမ ပြောသလိုပဲ ကျွန်တော် အမဲကင်ကို စားတဲ့အခါ နာနတ်သီးဖတ်လေး ကို ဖယ်ပြီး စားလိုက်ယုံပဲ ပေါ့။ဘယ်လောက်တောင် ထူးဆန်းတဲ့ ကမ္ဘာကြီးလဲဗျာ၊ ကျွန်တော် လိုချင်တာက လုံးဝ သာမန် ဟမ်ဘာဂါ အမဲကင်၊ ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်တော် ရနိင်တာက နာနတ်သီး မပါတဲ့ ဟာဝိုင်ယီ စတိုင်ပဲ၊ခင်ဗျား ကိုယ်တိုင်လုပ်တဲ့ ဟမ်ဘာဂါအမဲကင် ကတော့ ရိုးရိုးသာမန် ပဲလို့ ကျွန်တော် ထင်ပါတယ်၊ ခင်ဗျား စာအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော် အတောင့်တဆုံးက ခင်ဗျားလုပ်တဲ့ တကယ့်ကို သာမန် ဟမ်ဘာဂါ အမဲကင်မျိုး ပါ၊ 
နိင်ငံပိုင်မီးရထားလိုင်းရဲ့ အလိုအလျောက် လတ်မှတ်ဖြတ်စက် အကြောင်းရေးထားတဲ့ အပိုဒ်ကတော့ ကျွန်တော့်အမြင် အတော်လေး အပေါ်ယံ ဆန်သလိုပဲ၊ ပြဿနာ အပေါ် ခင်ဗျားမြင်တဲ့ ရှုထောင့်က ကောင်းပါတယ်။ ဒါပေမယ့် စာဖတ်သူအဖို့ မြင်ကွင်းကို ထင်ထင်ရှားရှား ပုံမဖော်နိင်ဘူး၊ အရမ်းစူးစမ်းတဲ့ လေ့လာသူတစ်ယောက်ဖြစ်ဖို့ သိပ်မကြိုးစားပါနဲ့၊ စာရေးတယ်ဆိုတာ ရှာကြံဖန်တီးရတာ မျိုးပါ၊ဒီစာမှာ ခင်ဗျားရ တဲ့ အမှတ်ကတော့ ၇၀ ပါ၊ နှေးကွေးလှတယ်လို့ ဆိုနိင်ပေမယ့် ခင်ဗျားရဲ့ ရေးဟန်က တိုးတက်လာတာတော့ သေချာပါတယ်၊ စိတ်လောမကြီးပါနဲ့၊ အရင်လိုပဲ ဆက်ပြီးကြိုးစားပါ၊ ခင်ဗျားရဲ့ နောက်စာကို ကျွန်တော်မျှော်နေပါ့မယ်၊ အမှန်တကယ် နွေဦးရောက်လာရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်၊
စာကြွင်း။      ။ ကွတ်ကီးဘူးပို့လိုက်တာ ကျေးဇူးတင်ပါတယ်၊ အရသာလည်း ရှိပါတယ်၊ ဒါပေမယ့် အဖွဲ့အစည်းရဲ့ စည်းမျဉ်းအရ စာချင်းဆက်သွယ်တာအပြင် လူချင်းတိုက်ရိုက် ဆက်သွယ်တာမျိုးကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်၊ နောင်ဆို ခင်ဗျားရဲ့ စေတနာကို ထိန်းသိမ်းထားဖို့ မေတာ ရပ်ခံပါရစေ။
ဘယ်လိုပဲ ဖြစ်စေ၊ ထပ်ပြီး ကျေးဇူးတင်ပါရစေ။

ဒီ အချိန်ပိုင်းအလုပ်ကို ကျွန်တော် တစ်နှစ်လောက် လုပ်ခဲ့ပါတယ်၊ အဲဒီ အချိန်က ကျွန်တော့်အသက် က နှစ်ဆယ့်နှစ်နှစ်၊ ကျွန်တော့်မှာ ဒီလိုစာမျိုး တစ်လ တစ်လ အစောင် သုံးဆယ်လောက် ဖတ်နေခဲ့ရတယ်၊ တစ်စောင် ကို ယမ်းနှစ်ထောင်ပေးတယ်၊အဲဒီ ထူးထူးဆန်းဆန်း ကုမ်ပဏီက ကလောင်ရှင်များအဖွဲ့ လို့ သူတို့ ဘာသာ နာမည်ပေးထားပြီး အီဒါဘာရှီ ရပ်ကွက်မှာရှိတယ်၊ကုမ်ပဏီရဲ့ ကြေငြာမှာ ဆွဲဆောင်မှုရှိတဲ့ စာမျိုးရေးဖို့ သင်လည်း သင်ယူနိင်ပါတယ်လို့ ရေးထားပါတယ်၊ အဖွဲ့ဝင်သစ်တွေအဖို့ ဝင်ဝင်ခြင်း ဝင်ကြေးပေးရပြီး နောက်ပိုင်း လစဉ် ကြေးကိုတော့ ပုံမှန် ပေးရပါတယ်။ အဲဒီအတွက် သူတို့အနေနဲ့ တစ်လကို စာ လေးစောင် ရေးသား ပေးပို့နိင်ပါတယ်၊ ကျွန်တော်တို့ လိုဆရာတွေက သူတို့ရဲ့စာတွေကို ပြန်ပြီး ဖြေကြားပေးရပါတယ်၊ အထက်မှာ ဖြေကြားပေးတဲ့ စာလိုပါပဲ၊ အမှားပြင်ပေးတာတွေ၊ မှတ်ချက်ပေးတာတွေ၊ နောင်မှာ တိုးတက်လာဖို့ လမ်းညွန်ချက်ပေးတာတွေ လုပ်ရပါတယ်၊ စာပေဌာနရဲ့ ကျောင်းသားရေးရာ ရုံးခန်းမှာ အလုပ် ကြေငြာတွေ့တော့ ကျွန်တော်လည်း သွားပြီး လူတွေ့ ဖြေခဲ့တယ်၊ အဲဒီအချိန်က ကိစ္စတခု ပေါ်တာနဲ့ ကျွန်တော့်မှာ ကျောင်းပြီးဖို့ တစ်နှစ် နောက်ကျသွားတယ်၊ ကျွန်တော့်မိဘတွေလည်း ကျွန်တော့်ကို လစဉ်ထောက်ပံ့နေတာတွေကို လျှော့ရတော့ မယ်လို့ ပြောလာ တယ်၊ ကျွန်တော့်ဘဝမှာ ပထမဆုံးအနေနဲ့ ကိုယ့်ဝမ်းကိုယ်ကျောင်းရတဲ့ အဖြစ်နဲ့ ကြုံတယ်။ လူတွေ့ မေးပြီးတော့ ကျွန်တော့်ကို စာအရေးအသား အတော်များများ ရေးခိုင်းတယ်၊ တစ်ပတ်လောက် ကြာတော့ ကျွန်တော့်ကိုခန့်လိုက်တယ်။ ဝင်ဝင်ခြင်းတစ်ပတ်ကတော့ ဘယ်လို အမှားပြင်ပေးမလဲ၊ ဘယ်လို လမ်းညွန်ချက်ပေးမလဲ၊ စတာတွေအပြင် တခြား လုပ်ငန်းသဘော တွေ ကို ရှင်းပြ သင်ကြားပေးတယ်၊ ဘာမှ အခက် အခဲမ ရှိပါဘူး။အဖွဲ့ဝင် တွေအားလုံးကို ကိုယ်နဲ့ လိင် ကွဲပြားတဲ့ နည်းပြတွေ နဲ့ တွဲချပေးတယ်၊ ကျွန်တော့်မှာ စုစုပေါင်း အဖွဲ့ ဝင် ၂၄ ယောက်ကို ကိုင်ရတယ်၊ အသက်ကတော့ ဆယ့်လေးနှစ်ကနေ ၅၃ နှစ်အထိ အရွယ်စုံပဲ၊ အများစုက တော့ နှစ်ဆယ့်ငါးနဲ့ သုံးဆယ့်ငါး ကြားပဲ၊ ပြောရယင် အများ စုက ကျွန်တော့်ထက် ကြီးတယ်၊ ပထမ ဆုံးလကတော့ ကျွန်တော်လည်း လန့်နေတာပေါ့၊ အမျိုးသမီးတွေက ကျွန်တော့်ထက် အများကြီး စာရေးကောင်းကြတယ်လေ၊ ပြီးတော့ ဒီလို စာပေးစာယူ အတွေ့အကြုံ အများကြီး ရှိထားကြတယ်။ ကျွန်တော့်မှာ စာတစ်စောင်မှ လေးလေးနက်နက် ရေးခဲ့ဖူးတာမျိုး မရှိ။အဲဒီ ပထမဆုံး လမှာ ကျွန်တော့်မှာ ဘယ်လို လုပ်ရမှန်းမသိ၊ အဖွဲ့ဝင်တွေအနေနဲ့ မကြိုက်ရင် တခြား ဆရာတစ်ယောက် တောင်း နိင်ခွင့်ရှိတယ် ဆိုတဲ့ အဖွဲ့ရဲ့ စည်းမျဉ်းအရ ကျွန်တော့်ကို အဖွဲ့ဝင်အများ စုက  မကြိုက်လို့ လဲခိုင်းမှာ စိုးရိမ်ပြီး ဇောချွေးတွေ အမြဲ ပျံမိတတ်တယ်၊တစ်လကုန်သွားပေမယ့် ဘယ်အဖွဲ့ ဝင်ကမှ ကျွန်တော့်ရဲ့အရေးအသားတွေ အပေါ်မှာ စောဓက တက်တာမျိုး မလုပ်ကြဖူး၊ အဲဒီအစား ကျွန်တော့်မှာ အဖွဲ့ဝင်တွေအကြား အရမ်း ရေပန်းစားနေတယ်လို့ ပိုင်ရှင်ကပြောတယ်၊ ဒီလိုနဲ့ နှစ်လ သုံးလ ကုန်သွားတယ်၊ ကျွန်တော့် ရဲ့ လမ်းညွှန်မှုတွေကို ကျေးဇူးတင်တဲ့အတွက် ကျွန်တော့်မှာဆုကြေးတွေ ပိုရလာခဲ့တယ်၊ တကယ့်ကို နားမလည်နိင်စရာပဲ၊ ဒီ အမျိုးသမီးတွေက ကျွန်တော့်ကို သူတို့ရဲ့ ဆရာ အဖြစ် အပြည့်အဝ ယုံကြည်ထားကြတယ်၊ ဒါကို သဘောပေါက်လာတဲ့အခါမှာ ကျွန်တော့်အဖို့ သူတို့ရဲ့ စာတွေကို ပေါ့ပေါ့ပါးပါးနဲ့ ပူပန်စရာ မလိုပဲ ဝေဖန်နိင်ခဲ့တယ်။တကယ်တော့ အဲဒီ အမျိုးသမီးတွေဟာ (တကယ်တော့ အမျိုးသား အဖွဲ့ဝင်တွေလည်း အတူတူ ပါပဲ) အထီးကျန် ဖြစ်နေကြတာကို အဲဒီတုန်းကတော့ သဘောမပေါက်ခဲ့ဘူး၊ သူတို့မှာ စာတွေ ရေးချချင်မိပေမယ့် ဘယ်သူ့ကို ရည်ရွယ်ပြီး ရေးရမယ် မသိဘူး၊ သူတို့ အရွယ်တွေကလည်း DJ တွေကို မိတ်ဆက်စာရေးရမယ့် အရွယ်လည်းမဟုပ်ဘူး၊ အမှားပြင်ပေးတာတွေ ဝေဖန်ချက်ပေးတာတွေ ရှိပေမယ့် သူတို့က အဲဒီလို ပိုပြီး ပုဂ္ဂိုလ်ရေး ဆန်တဲ့ စာမျိုးရေးချင်ကြတယ်။ဒီလိုနဲ့ ကျွန်တော့်မှာ ၂၀ ကျော်စအရွယ်မှာ ဖော်ရွေနွေးထွေးလှတဲ့ အမျိုးသမီး ဆောင်ထဲ ရောက်သွားတဲ့ ဒဏ်ရာ အပြင်းအထန်ရနေတဲ့ ပင်လယ်ဖျံတစ်ကောင်လို မျိုး အဲဒီ အမျိုးသမီးတွေရဲ့ စာတွေကြားထဲမှာ ပဲ အချိန် ကုန်ဆုံးခဲ့ရပါတယ်၊ စာတွေကလည်း အမျိုးမျိုး၊ ပျင်းစရာ ကောင်းတဲ့ စာတွေ၊ ရယ်စရာ ကောင်းတဲ့ စာတွေ၊ ဝမ်းနည်းစရာ ကောင်းတဲ့ စာတွေ၊ စသဖြင့်၊ အံ့သြစရာ၊ ကံမကောင်းတာက အဲဒီစာတွေကို သိမ်းထားလို့ မရဘူး (စည်းမျဉ်းအရ စာတွေ အားလုံးကို ကုမ်ပဏီ ကို ပြန်ပေးရတယ်) ကြာလာတော့ ကျွန်တော်လည်း အသေးစိတ်တွေတော့ မမှတ်မိတော့ဘူး၊ ကျွန်တော် မှတ်မိသလောက်ကတော့ သူတို့ စာတွေဟာ ဘဝ ရဲ့ ကပေါင်းစုံနဲ့ ပြည့်နှက်လို့နေတာပဲ၊ အရေးပါလှတဲ့ ဘဝရဲ့ မေးခွန်းတွေကနေ သေးသေးမွှားမွှား အာဂါနု လေးတွေ အထိအစုံပဲ၊ ပြီးတော့ သူတို့ ကျွန်တော့်ကို ပေးတဲ့ အတွေးက ကျွန်တော့်အဖို့ (၂၂ နှစ်အရွယ် ကောလိပ်ကျောင်းသား လေးအဖို့) အစစ်အမှန် တရားကနေ ထူးထူးဆန်းဆန်း ကွဲထွက်နေခဲ့တယ်၊ အဲဒီ အချိန်က လုံးဝ အဓိပပါယ်မရှိသလိုပဲ၊ ကျွန်တော်ကိုယ်တိုင်ကပဲ ဘဝ အတွေ့အကြုံကင်းမဲ့နေတာလည်း ဖြစ်နေလို့လားတော့မသိ၊ အခု အချိန်မှာ ကျွန်တော်နားလည်လာခဲ့တာကတော့ အစစ်အမှန်တရားဟာ ခင်ဗျား လူတွေကိုပြောပြတဲ့အရာ မဟုပ်၊ ခင်ဗျား ကိုယ်တိုင် ဖန်တီးထားတဲ့အရာပဲ၊ အဓိပပါယ်ကို မွေးဖွားပေးတဲ့အရာပဲ၊ အဲဒီအချိန်ကတော့ ဒါကို မသိခဲ့ဘူး၊ မိန်းမတွေကိုလည်း နားမလည်ခဲ့ဘူး၊ ဒါကြောင့်မို့ သူတို့ရဲ့စာထဲက အရာရာတိုင်းက ကျွန်တော့ကို ထူးထူးခြားခြား ဘက်နှစ်ဘက် အနေနဲ့ပဲ မြင်စေခဲ့တယ်။
ဒီလိုနဲ့ ကျွန်တော် အလုပ်ထွက်ဖို့ အချိန်တန်လာတော့ ကျွန်တော် ကြည့်ပေးနေတဲ့ အဖွဲ့ဝင်တွေအားလုံးက စိတ်မကောင်းဖြစ်ကြောင်း ဖွင့်ဟကြတယ်၊ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရယင် ဒီ မဆုံးတမ်း စာအစောင်စောင်ရေးနေရမယ့် အလုပ်ကို တော်လောက်ပြီလို့ ခံစား ရတယ်၊ ဒါပေမယ့်  ကျွန်တော်လည်း ဝမ်းနည်းမှုကို တနည်းတဖုံ ခံစားရတာပါပဲ၊ ကျွန်တော့်အပေါ်မှာ ဒီလောက်လူတွေအများကြီးက ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ဖွင့်ဟတာမျိုးကို နောင်ဘယ်တော့မှ ကြုံရတော့မှာ မဟုပ်ဘူးဆိုတာ သိနေခဲ့တယ်လေ၊

ဟမ်ဘာဂါ အမဲကင်၊ ကျွန်တော်ဟာ စောစောက ကောက်နှုတ်ဖော်ပြခဲ့တဲ့ စာထဲက အမျိုးသမီး ကိုယ်တိုင် လုပ်တဲ့ ဟမ်ဘာဂါအမဲကင်ကို အမှန်တကယ်ကို စားခွင့်ရခဲ့တယ်၊
သူမက ၃၂ နှစ်၊ ခလေးမရှိ၊ ယောကျာ်းက ဂျပန်မှာ နံပါတ်ငါး လူသိအများဆုံးလို့ အကြမ်းဖျင်း ယူဆထားကြ တဲ့ ကုမပဏီမှာ လုပ်တယ်၊ ကျွန်တော့်ရဲ့ နောက်ဆုံးစာမှာကျွန်တော် လကုန်မှာ အလုပ်ထွက်ဖို့ ရှိတဲ့အကြောင်းထည့်ရေးလိုက်တော့ သူမက နေ့လည်စာ စားဖို့ ဖိတ်တယ်၊ ကျွန်မ ရှင့်ကို လုံးဝ ပုံမှန် ဟမ်ဘာဂါ အမဲကင် လုပ်ကျွေးပါ့မယ် လို့ သူမကရေးတယ်၊ အဖွဲ့အစည်းရဲ့ စည်းမျဉ်းရှိပေမယ့်လည်း ကျွန်တော် သူမဖိတ်ကြားချက်ကို လက်ခံဖို့ ဆုံးဖြတ်မိခဲ့တယ်၊ အသက်နှစ်ဆယ့်နှစ်နှစ်အရွယ် ယောကျာ်း
တစ်ယောက်ရဲ့ စူးစမ်းစိတ်ကို ငြင်းပယ်လို့မရဘူးလေ။

သူမရဲ့ အခန်းက အိုဒါကျူ ရထားလိုင်းနဲ့ မျက်နှာချင်းဆိုင်ပဲ၊ အခန်းက ကလေး မရှိတဲ့ အတွက် သပ်သပ်ရပ်ရပ်ပဲ၊ ပရိဘောဂတွေ၊ အလှဆင်မီးလုံးတွေ၊ အမျိုးသမီးရဲ့ ဆွယ်တာတွေ အကုန်လုံးက ဈေးကြီးတဲ့ပစည်းတွေမဟုပ်ကြ၊ သို့ပေမယ့် ပစည်းကောင်းတွေပါပဲ၊ ကျွန်တော်တို့ နှစ်ယောက်လုံး အပြန် အလှန် အံ့သြခဲ့ကြတယ်၊ ကျွန်တော်က သူမရဲ့ ငယ်ရွယ်တဲ့ အသွင်အပြင်ကို အံ့သြမိသလို သူမကလည်း ကျွန်တော့ရဲ့ အပြင်မှာ တွေ့ရတဲ့ အသက်အရွယ်ကို အံ့သြနေခဲ့တယ်၊ သူမက စိတ်ထဲမှာ သူမထက်ကြီးလိမ့်မယ်လို့ထင်ထားခဲ့တာ၊ ကျွန်တော်တို့အဖွဲ့က နည်းပြဆရာတွေရဲ့ အသက်ကို ဖော်ပြလေ့ မရှိဘူးလေ၊တစ်ယောက်ကို တစ်ယောက် အံ့သြပြီးကြတဲ့နောက်တော့ ပထမဆုံးတွေ့ဆုံမှုရဲ့ အေးစက်စက်ဖြစ်မှုက ပျောက်သွားခဲ့တယ်၊ ကျွန်တော်တို့နှစ်ယောက်သား ဟမ်ဘာဂါ အမဲကင် ကိုယ်စီ စားကြပြီး ကော်ဖီ သောက်ကြတယ်၊ စိတ်ထဲမှာ ရထားလွတ်သွားတဲ့ ခရီးသည်နှစ်ယောက်လိုပဲ ခံစားနေကြရတယ်၊ အောက်မှာ သွားနေတဲ့ ရထားတွေကို မြင်ရတဲ့ သူမ ရဲ့ တတိယထပ် ပြူတင်းပေါက်နားမှာ ထိုင်ပြီး ရထားအကြောင်း ပြောနေခဲ့ကြတယ်၊ ရာသီဥတု က သာသာယာယာလေး၊ အဆောက်အဦး ဝရန်တာလက်ရမ်းတွေထက်မှာ နေလှန်းထားတဲ့ အရောင်စုံ အိပ်ယာခင်းတွေ၊ မွေ့ယာတွေ ကိုတွေ့နေရတယ်၊ မကြာခဏ မွေ့ယာကို ကြိမ်လုံးနဲ့ ရိုက်ခါနေတာကို ကြားရတယ်၊ အခုချိန်ထိတိုင် အဲဒီအသံကို ပြန်ကြားယောင်မိတယ်၊ ထူးထူးဆန်းဆန်း ပဲ ဝေးကွာမှုမရှိသလို ခံစားရတယ်။
ဟမ်ဘာဂါ အမဲကင် က လုံးဝ ကောင်းမွန်လှတယ်၊ အနံ့အရသာကလည်း အတော်ပဲ၊ အပြင်ဘက် မျက်နှာပြင်က ညိုနေတဲ့အထိ ကင်ထားတယ်၊ အတွင်းထဲက အရည်ရွှဲရွဲလေး၊ အချဉ်ရည်ကလည်း စံပြပဲ၊ ကျွန်တော့် တစ်သက်မှာ ဒီလောက်ကောင်းတဲ့ ဟမ်ဘာဂါမျိုး မစားဖူးဘူးလို့တော့ မပြောချင်ပါဘူး၊ ဒါပေမယ့် ဒီလောက်ကောင်းတာမျိုး မစားရတာ ကြာခဲ့ပြီလို့တော့ ပြော ချင်ပါတယ်၊ ကျွန်တော်က အဲဒီလို ပြောလိုက်တော့ သူမလည်း အတော်လေး ကျေနပ်သွားတယ်။ကော်ဖီသောက်ပြီးတဲ့နောက် ကျွန်တော်တို့ နှစ်ယောက်သား Burt Bacharach ဓတ်ပြားကို နားထောင်ပြီး တစ်ယောက်ဘဝ အကြောင်း တစ်ယောက်ပြောကြတယ်။ ကျွန်တော့်မှာ ပြောလောက်စရာ ဘဝ အတွေ့ အကြုံမရှိသေးတဲ့အတွက်သူမကပဲ အပြောများပါတယ်၊ ကောလိပ်တုန်းက သူမ က စာရေးဆရာ တစ်ယောက်ဖြစ်ချင်ခဲ့တယ်လို့ ပြောတယ်၊ သူမက သူ အရမ်းကြိုက်တဲ့ Francoise Sagan အကြောင်းပြောပြတယ်၊သူမက Aimez-vous Brahms ကို အထူးတလည် ကြိုက်သတဲ့လား၊ ကျွန်တော်ကိုယ်၌ကတော့ Sagan ကို မကြိုက်တာ မဟုပ်ပါဘူး၊ ဒါပေမယ့် လူတွေပြောသလောက်တော့ သူမ က ဈေးမပေါလှဘူးလို့ ထင်ပါတယ်၊ ဝထ္ထုကို Henry Miller တို့ Jean Genet တို့ လိုပဲ ရေးရမယ်လို့ ဥပဒေမှ မထုပ်ထား တာ၊ဒါပေမယ့်လည်း ကျွန်မ မရေးနိင်ပါဘူး
စတင်ဖို့ရာ ဘယ်တော့မှ နောက်ကျတယ် မရှိပါဘူးလို့ ကျွန်တော်လည်း အားပေးလိုက်တယ်
မဟုပ်ဘူး၊ ကျွန်မ မရေးနိင်ဘူးဆိုတာ ကျွန်မသိတယ်၊ ဒါကို သိအောင်လုပ်ပေးခဲ့တာ ရှင်ပါပဲသူမ က ပြုံးပြီးပြောတယ်၊ ရှင့်ဆီကို စာတွေရေးရင်း ကျွန်မ နောက်ဆုံးမှာ သဘောပေါက်လာမိတယ်၊ ကျွန်မမှာ အဲဒီ လို ပါရမီမျိုးမရှိဘူးကျွန်တော့်မျက်နှာ ရဲခနဲဖြစ်သွားခဲ့တယ်၊ အခုအချိန်မှာတော့ အဲဒီ လို မျိုး ဘယ်တော့မှ မဖြစ်တော့ပါဘူး၊ ဒါပေမယ့် နှစ်ဆယ့်နှစ်နှစ်သားတုန်းကတော့ ကျွန်တော်မကြာခဏ မျက်နှာက ရဲ ခနဲ ဖြစ်ဖြစ်သွား တတ်တယ်၊
ဟုပ်လား၊ ဒါပေမယ့် ခင်ဗျားရဲ့ အရေးအသားတွေမှာ ရိုးသားမှု တစ်မျိုးကို တွေ့ရတယ်
သူမ က ပြန်မဖြေပဲ ပြုံးပြီးနေခဲ့တယ်၊ မခို့တယို့ အပြုံးမျိုး
အနည်းဆုံး စာတစ်စောင်ကတော့ ဟမ်ဘာဂါအမဲကင် ထွက်စား ဖြစ်အောင် လုပ်နိင်ခဲ့တယ်
အဲဒီ အချိန်က ရှင် ဗိုက်ဆာနေခဲ့လို့ ဖြစ်မှာပေါ့
ပြူတင်းပေါက်ရဲ့ အောက်မှာ ရထားတစ်စင်းက ခြောက်ကပ်ကပ် ဂျုံးဂျုံးဂျက်ဂျက် အသံပေးပြီး ဖြတ်သွား တယ်။နာရီက ငါးနာရီထိုးတဲ့အသံ ကြားတော့ ကျွန်တော် လည်း ပြန်ဦးမယ်လို့ ပြောလိုက်တယ်၊
ခင်ဗျား အမျိုးသားအတွက် ညစာ ပြင်ပေးရဦးမယ် မဟုပ်လား
သူက ညဉ့်နက်မှ ပြန်တတ်တာပါသူမက ပါးကို လက်ထောက်ပြီး ဖြေတယ်၊ သူက သန်းခေါင်မကျော်ပဲ ပြန်မလာတတ်ဘူး’‘သူက အရမ်းအလုပ်များ တယ်ထင်တယ်
ထင်တာပဲသူမက ခဏ တုန့်သွားပြီး ပြောလိုက်တယ်၊ ကျွန်မထင်တယ်၊ ကျွန်မတစ်ခါက ကျွန်မရဲ့ ပြဿနာကို ရှင့်ကို ရေးခဲ့ဘူးတယ်ထင်တယ်၊ သူနဲ့ ပြောလို့ မရတဲ့ အကြောင်းအရာတွေလေ၊ ကျွန်မ ခံစားမှုတွေကို သူမသိဘူး၊ ကျွန်မတို့ နှစ်ယောက်ဟာ မတူညီတဲ့ဘာသာစကားနှစ်ခု ကို ပြောနေကြသလိုပဲကျွန်တော့်မှာ သူမကို ဘာပြောရမယ်မသိ၊ လူတစ်ယောက်ဟာ သူ့ခံစားချက်တွေကို ရင်ဖွင့်ပြလို့ မရတဲ့ လူတစ်ယောက်နဲ့ ဘယ်လိုများ အတူ နေ နိင်ခဲ့သလဲ ဆိုတာ နားမလည်နိင်ခဲ့ဘူး၊ဒါပေမယ့်လည်း အဆင့်ပြေပါတယ်သူမက ညင်ညင်သာသာပြောတယ်၊ တကယ့် ကို ပုံမှန်အတိုင်းပဲလို့ ထင်ရအောင် သူမက ပြောတယ်၊ ကျွန်မကို ဒီလို လနဲ့ ချီပြီး စာတွေ ရေးနေခဲ့တာ ကျေးဇူးတင်ပါတယ်၊ ကျွန်မ အဲဒီစာတွေကို နှစ်သက်ပါတယ်၊ တကယ်ပါ၊ ပြီးတော့ ရှင့်ဆီကို စာပြန်ရေးရတာ ကျွန်မ အတွက် လွတ်မြောက်ခြင်းတစ်မျိုးပါပဲ'
ကျွန်တော်လည်း ခင်ဗျား စာတွေကို သဘောကျပါတယ်ကျွန်တော့မှာ သူမစာတွေမှာ ဘာတွေရေးထားသလဲ သိပ်မမှတ်မိတော့ပေမယ့်လည်း ဒီလိုပဲ ပြောလိုက်ရတယ်၊သူမက ခဏလောက် စကားမပြောပဲ နံရံထက်က နာရီကို ကြည့်လိုက်တယ်၊ သူမ ဟာ အချိန်ရဲ့ စီးဆင်းမှုကို အာရုံခံနေသလိုပဲ လို့ ထင်ရတယ်
ဘွဲ့ရပြီးရင် ဘာလုပ်မလဲသူမ ကမေးလိုက်တယ်ကျွန်တော်မဆုံးဖြတ်ရသေးဘူးလို့ သူမ ကို ပြောလိုက်တယ်၊ ကျွန်တော့်မှာ ဘာလုပ်ရမှန်းကို မသိသေး၊ ကျွန်တော် အဲဒီလို ပြောလိုက်တော့ သူမ က ပြုံးပြန်တယ်၊ ရှင့်အနေနဲ့ စာရေးရတဲ့ အလုပ်မျိုး လုပ်သင့်တယ်ထင်တယ်၊ ရှင်က ဝေဖန်သုံးသပ်ချက်တွေကို လှလှပပ ရေးတတ်တယ်၊ ကျွန်မမှာ ရှင့်စာတွေကို မျှော်နေမိတတ်တယ်၊ ကျွန်မတကယ့်ကိုမျှော်နေခဲ့တာပါ၊ မြှောက်ပြောတာမဟုပ်ပါဘူး၊ ကျွန်မ သိသလောက် ရှင်က ရှင့်ခွဲတမ်းပြည့်အောင် ရေးနေတယ် ဆိုပေမယ့် အဲဒီမှာ တကယ့် ခံစားမှုပါတယ်၊ ကျွန်မ အဲဒီစာတွေ အကုန် သိမ်းထားတယ်၊ ကျွန်မ မကြာခဏ ထုပ်ထုပ်ပြီး ပြန်ဖတ်လေ့ရှိတယ်’‘ကျေးဇူးတင်ပါတယ် ၊ ဟမ်ဘာဂါ အတွက်လည်း ကျေးဇူးပါပဲ၁၀ နှစ်လောက် ရှိသွားခဲ့ပြီ၊ ဒါပေမယ့် အိုဒါကျူ ရထားလိုင်းကို စီးတိုင်း သူမတို့ အိမ်နားရောက်ရင် သူမနဲ့ သူမရဲ့ ကျွတ်ကျွတ်လေး ကင်ထားတဲ့ ဟမ်ဘာဂါ အမဲကင်ကို သတိရမိတယ်၊ လမ်းတစ်လျောက် အဆောက်အဦးတွေကို ရှာကြည့်ပြီး ဘယ်ပြူတင်းပေါက်ကသူမ ရဲ့ဟာလဲလို့ ကိုယ့်ဘာသာ မေးမိတယ်၊ အဲဒီ ပြူတင်းပေါက်က မြင်ကွင်းကို ပြန်စဉ်းစားရင်း ဘယ်နားလောက်မှာလဲလို့ မှန်းဆမိတယ်၊ ဒါပေမယ့် လည်း ကျွန်တော့်မှာ ဘယ်တော့မှ ပြန်ပြီး မမှတ်မိနိင်တော့။
သူမဟာ အဲဒီမှာ နေချင်မှ နေပါတော့မယ်၊ တကယ်လို့များ ဆက်ပြီး ရှိနေခဲ့ဦးမယ် ဆိုရင် အဲဒီ ပြူတင်းပေါက်ဘေးမှာ Burt Bacharach  ဓတ်ပြားကိုပဲ နားထောင်ကောင်းနားထောင် နေနိင်ပါသေးတယ်။
ကျွန်တော် သူမနဲ့ နယ်ကျွံ ခဲ့သင့်သလား
ဒါက ဒီအပိုင်းရဲ့ အဓိက မေးခွန်းပဲအဖြေကတော့ ကျွန်တော့်အသိတရားကို ကျော်လွန်နေခဲ့တယ်၊ အခုအချိန်ထိ ကျွန်တော့်မှာ အဖြေမရှိ၊ တကယ်တော့ ကျွန်တော်တို့ ဘယ်တော့မှ နားမလည်နိင်မယ့်အရာတွေက အများကြီးပါပဲ၊ ဘယ်လောက် နှစ်ပဋိစေဒ ကြာပလေ့စေ၊ ဘယ်လောက်ပဲ ကျွန်တော်တို့မှာ အတွေ့အကြုံတွေ ကြွယ်ဝခဲ့ပါစေ၊ နားလည်နိင်မှာ မဟုပ်ဘူး၊ ကျွန်တော် တတ်နိင်တာက သူမ ရှိနိင်မယ့် နေရာကို ရထားပေါ်ကနေ ကြည့်နေမိတာပဲ၊ တခါတရံ ကျွန်တော့်စိတ်ထဲမှာ ဒီပြူတင်းပေါက်တွေ အကုန်လုံးက သူမ ပြူတင်းပေါက်တွေပဲလို့ ထင်လာမိတယ်၊ တခါတရံမှာ တော့ ဒီပြူတင်းပေါက်တွေ တစ်ခုမှ သူမ ပြူတင်းပေါက်တွေ မဟုပ်ဘူးလို့ ထင်မိပြန်တယ်၊ ပြူတင်းပေါက်တွေ ကတော့ အများကြီး ရှိနေခဲ့တယ်။   ။
* hamburger steak
** daikon=မုန်လာဥဖြူ

A Window by Haruki Murakami
ကို Jay Rubin ၏ English Translation မှတဆင့် ပြန်ဆိုပါသည်။


No comments: