Friday, January 13, 2012

သေနတ်သံ တိတ်သွားတဲ့နောက်

သေနတ်သံ တိတ်သွားတဲ့နောက်

အချိန်ကာလဟာ ရပ်သွားသလိုမျိုး

အသစ်စတင်တာလည်း ဖြစ်နိင်တယ်

တစ်ခုခု ပြီးဆုံးသွားတာလည်း ဖြစ်နိင်တယ်

သေချာတာက full stop ချလိုက်တာပဲ၊

အဲဒီမှာ တွဲလောင်းခိုနေတဲ့ စိတ်က

နှမြောတဿ သလိုလို

အိပ်မက်က လန့်နိုးလာသလိုလို

ဝမ်းနည်း နောင်တ ရနေတာလား

ထိတ်လန့်အားငယ်တာရော မဖြစ်နိင်ဘူးလား

ဇတ်လမ်းတစ်လျှောက်သယ်ပိုးလာခဲ့တဲ့ ကြွက်သားတွေ

ပိုးစိုး ပက်စက်လဲလျောင်း

အာဃာတ အစအနတွေ

ဖွာကြဲ လွင့်စင်လို့

အာရုံမတက်မှီ မှောင်မိုက်နေပုံက

ကိုယ့်အတွေးကိုယ်တောင် မမြင်ရ

နံရံမှာ ချိတ်ထားတဲ့ သေနတ်က

သူ့တာဝန်သူ ထမ်းဆောင်ပြီးသလို

ကိနြေ္ဒရရ။

ဒီနိုဗို

30 Jan 2006

No comments: