Saturday, January 7, 2012

အစ ရှိသဖြင့်

အစ ရှိသဖြင့်

အစ ရှိသဖြင့်

အစ ကို ရှာနေခဲ့ရတယ်

အစ သာ မရှိခဲ့ယင်

ဘာကို ရှာမိမယ် မသိ

ပြဿနာက အစကို ရှာနေမိတာပဲ

အစ ရှာမရတဲ့ ပြဿနာလို့ ပြောချင်လဲပြော

ပြဿနာကိုယ်တိုင် က အစ ပဲလား

မယုံရင် စမ်းကြည့်

အစ တစ်စကို ဆွဲထုပ်မိယင် မဆုံးတော့ဘူး

အစ ဆိုတာ မဆုံးတဲ့ အရာလား

ရပ်တန့်လို့ကို မရ

ဟော ထွက်လာ ပြန်ပြီ တစ်စ

တစ်စ တစ်စနဲ့ အစ မသတ်နိင် ဖြစ်နေပြန်ပြီ

အစ တွေက များလွန်းတော့ ဘယ်အရာက တကယ့် အစလဲ

အစ မဟုတ်တာကို အစ လုပ်မိရင်

အနှောင်းသေချာအောင် အစ မကောင်းခဲ့ရင်

အစ မှာတင် ဆုံးနှင့်ရင်၊

ဟိုး အစ ကနေ

ပြန်ပြီးစ ရရင်

အစ က လွဲပြီး ဘာမှ မရှိဘူးမဟုပ်လား

ဒါပေမယ့်

အစတွေ့ယင် ဆွဲချင်ကြတာချည်းပဲ

ငယ်ငယ်တုန်းက အစသန်တယ်လို့ ပြောကြတာ မမှားဘူး

အစစ ဟာ အရာရာ လား

အရာရာတိုင်းမှာ အစတော့ ရှိမှာပဲ မဟုပ်လား

ရာရာ စစ ဆိုတာကရော ဘယ်လိုကွာခြားလို့လဲ

ဖြီးဖြန်းချင်သူတွေကတော့

စသဖြင့်၊ စသဖြင့်

နဲနဲ လေရှည်တဲ့ သူတွေကတော့

အစ ရှိသဖြင့်

ဒီနိုဗို

၄ ဂျွန် ၂၀၁၁

No comments: