Wednesday, January 25, 2012

ပျင်းဖို့ကောင်းတဲ့ ညနေ

ပျင်းဖို့ကောင်းတဲ့ ညနေ

တစ်နေ့ ကျွန်တော် ဓာတ်ပုံဆိုင်ရောက်တယ်၊ ဓာတ်ပုံရိုက်လိုက်တော့ အဖြူတွေ အမည်းတွေနဲ့ ပုံတစ်ပုံ ထွက်လာတယ်၊ ကျွန်တော့်

မျက်နှာပေါ် အလင်းတွေ တင်ပြီး နောက်ခံကို အမည်းသုတ်ထားတဲ့ပုံပါ၊ ကျွန်တော်က ပြောတယ်၊ ကျွန်တော် လိုချင်တာ ဒါမျိုးမဟုပ်

ဘူးလို့၊ ကျွန်တော့် ပုံစစ်စစ်လို့၊ ဓာတ်ပုံဆရာ စိတ်ပျက်လက်ပျက် ခေါင်းခါပြတယ်။

တစ်နေ့ ကျွန်တော် ဘုရားရောက်တယ်၊ စောင်းတန်းမှာ စာအုပ်ဆိုင်တွေပြည့်လို့၊ ကျွန်တော် တရားစာအုပ် ဝယ်ဖို့ ရှာမိတယ်၊စာအုပ်

တိုင်းလိုလို စကားလုံးတွေနဲ့ ပြည့်နေခဲ့တယ်၊တရားကို မတွေ့ခဲ့ရဘူး၊ ဒီတစ်ခါတော့ ကျွန်တော် ဆိုင်ရှင်ကို မမေးတော့ပါဘူး၊ ကိုယ်တိုင်ပဲ ခေါင်းခါပြီး ထွက်လာမိပါတယ်။

တစ်နေ့ ကျွန်တော်ရုပ်ရှင် ကြည့်ဖြစ်တယ်၊ တစ်ကားလုံး မင်းသား မင်းသမီးတွေပဲ တွေ့ခဲ့ရတယ်၊ ဇတ်ကောင်တွေကို မတွေ့ခဲ့ရဘူး၊

ကျွန်တော် ရုံထဲက ဟားတိုက်ပြီး ထွက်ခဲ့တယ်၊ အားလုံးက အူကြောင်ကြောင် နဲ့ ကြည့်လို့။

တစ်နေ့ ဆေးရုံရောက်တယ်၊ ဆရာဝန်က ခင်ဗျား ဘယ်လိုခံစားရသလဲလို့ မေးတယ်၊ ကျွန်တော် ချက်ခြင်းပဲ ပြန်ဖြေလိုက်တယ်။

ခံစားချက်မှာ စကားလုံး မရှိဘူးလို့၊ ဆရာဝန်က အောက်မှာ မှတ်ချက် ပေးလိုက်တယ်၊ စိတ်ကစဥ့်ကလျား ရောဂါ တဲ့။

မနက်က စာအုပ်တစ်အုပ်ထဲမှာ တွေ့လိုက်ရတယ်၊ တစ်ခါတရံ မသိခြင်းသည် သိခြင်းထက် ကောင်း၏ တဲ့၊ ကျွန်တော် အဲဒီစာအုပ်

ကို ပိတ်လိုက်တယ်၊ ဘာပဲ ဖြစ်ဖြစ် ကျွန်တော့် ခေါင်းထဲ ရှင်းသွားတယ်၊ ဒါဟာ မသိခြင်းကြောင့်လား ဆိုတာတော့ ကျွန်တော် မသိ

ချင်တော့ပါဘူး ဗျာ။

ဒီနိုဗို ရေးသားသည်

မဟေသီ မဂ္ဂဇင်း

နိုဝင်ဘာ ၂၀၀၀

No comments: