Monday, January 9, 2012

ပျံတက်နေတဲ့ လေယာဉ်ပေါ်မှာ

ပျံတက်နေတဲ့ လေယာဉ်ပေါ်မှာ

ချောက်ခနဲ ခါးပတ်ခေါင်းကို ထိုးသွင်းလိုက်ကြပြီ

ကိုယ့်ကိုယ်ကို ကုန်ပစ္စည်းတစ်ခုလို ထုပ်ပိုးပြီးပြီပေါ့

ခေါင်းပေါ်က စင်မှာ လက်ဆွဲအိပ်

ခေါင်းခန်းစတိုမှာ ခရီးဆောင်အိတ်

အားလုံးနေရာတကျ

ထွက်ခွါချိန်၊ ဆိုက်ရောက်ချိန်၊

ရန်ကုန်၊ မန္တလေး

အမြင့်ပေ

အမြန်နှုန်း

အားလုံးချိန်သားကျ

ထုံးစံအတိုင်း

မုန့်လေးနှစ်တုံး၊

လေယာဉ်မယ်ရဲ့ အပြုံးတစ်ဝက်

အစဉ်အလာ သရုပ်ပြကွက်

ဝတ်ကျေတန်းကျေ အရေးပေါ်အခြေအနေ ညွှန်ကြားချက်

အားလုံးကွက်တိ

အပိုအလို မရှိ

ပြီးရင် မျက်လုံးကိုမှိတ်

ထိုင်ခုံကို နှိမ့်

စိတ်ချသာအိပ်

မိတ်ဆွေ

ဘာမှ မဖြစ်ရင် ဘာမှမဖြစ်ဘူး

အားလုံး စီစဉ်ထားပြီးသား

လမ်းဆုံးရင် ရွာရောက်လိမ့်မယ်။

ဒီနိုဗို

2 comments:

Thintlu said...

ရွာမရောက်ပဲ ရေခဲတောင်ပေါ်ရောက်သွားရင် ဘယ်လို လုပ်မလဲ။

ဒီနိုဗို said...

Probably it may be Shangrila in Heymalia