Tuesday, May 22, 2012

ပန်းကုံးစွပ်ပွဲ



            ရည်းစားထားတယ်ဆိုတာ ကိုယ့်ကြိုးကွင်းကိုယ်စွပ်တာကွ
            ဒါဆိုအိမ်ထောင်ပြုတာကရော
            အိမ်ထောင်ပြုတယ်ဆိုတာ အဲဒီကြိုးကွင်းကိုဆွဲချလိုက်တာပဲပေါ့ကွ
            ကျွန်တော်၏စကားအဆုံးတွင် သူငယ်ချင်းအားလုံး ရှုံ့မဲ့သွားကြသည်။ ယူဆရသည်မှာ ကျွန်တော်၏စကားလုံးများသည် ယင်းတို့အားလုံးကို ယာယီအသက်ရှုကြပ်သွားစေခဲ့ပုံရပါသည်။တစ်ချို့က ကိုယ့်လည်ပင်းကိုယ်ယောင်၍ စမ်းနေခဲ့သည်။
                               **********************************
            ကမ္ဘာကြီးကကျယ်ပါတယ်ကွာ၊ သွားစရာနေရာတွေမှပြည့်လို့၊ ဘာကြောင့်ကိုယ့်ဘဝကို မိန်းမတစ်ယောက်ထံမှာ မြှုပ်နှံချင်ရ တာလဲဤသို့ကျွန်တော်ပြောသည့်အခါတိုင်း ညီလေးသည်ပြုံးစိစိဖြင့် ပြန်ဖြေတတ်သည်။ကျွန်တော်တို့အတွက်တော့ မိန်းမတစ် ယောက်ဟာ ကမ္ဘာတစ်ခုပဲ အကိုရေ့
                              **********************************
            လူတွေဟာကိုယ်ပိုင်ဆိုင်တဲ့အရာတွေကိုတော့ တွန့်တိုလိုက်ကြတာ၊ ကိုယ့်ဘဝတစ်ခုလုံးကိုတော့ တခြားသူလက်ထဲရက် ရက်ရောရောပေးတတ်ကြတယ်၊ ရယ်စရာကြီးပဲကွာသူငယ်ချင်းကတော့လိုက်၍မရယ်ခဲ့။ဘဝဆိုတာကရော ပေးဆပ်နေရတာပဲ မဟုတ်လားကွ
                                **********************************
            ထိုနေ့က နေသာသည်။ သို့သော် ကျွန်တော်တို့နှစ်ယောက်၏လက်ထပ်ပွဲက အုံ့မှိုင်းနေခဲ့သည်။
            ကျွန်တော်၏ ကြိုးကွင်းစွပ်ပွဲသို့ မည်သူ့ကိုမျှမဖိတ်ကြားချင်တော့ပါ။ ဘဝမှာ တခါတရံလှလှပပ သတ်သေတတ်ဖို့သည်လည်း လိုအပ်ချက်တစ်ခု ဖြစ်နေခဲ့ပါသည်။
ဒီနိုဗို

1 comment:

ကေပိုး said...

ငါဆိုတဲ့ စိတ်နဲ့.. ဘယ်သူ့ကိုမှ ဘာကိုမှ ငါ့လောက် .. ငါ မှငါ ဆိုတဲ့ စိတ်မျိုး.. နောက်ပြီး ရေးထားတဲ့ ပုံစံမျိုးတွေက ကျနော့်စိတ်နဲ့ လာတောင် ဆင်နေသေးတယ်ဗျာ.. :)