ထားပါ၊ ယနေ့ခေတ်နည်းပညာ၏ အမြောက်အမြားပွားများနိုင်သော
စွမ်းရည်ကြောင့် အရာရာတိုင်းကို ကော်ပီပွားနိုင်သော ယနေ့ခေတ် (ဆိုကြပါစို့ Age of replication) ကြီးထဲတွင် ဂီတသည်လည်း နားထောင်လို့ မကုန်နိုင်အောင် ပေါကြွယ်ဝလို့နေသည်မှာ
ထူးဆန်းလှသည်တော့ မဟုတ်ပါ။ ဤအတွက် သဘာဝကျစွာပင် ကျွန်တော်တို့၏ စိတ်များကလည်း နားထဲတွင် ဟိုနားသည်နား ကြားနေရသော ဂီတသံများကို “မထူးဆန်း” တော့ပါ။ အာရုံမလာတော့ပါ။ တစ်ခါတစ်ရံ ဘာသီချင်းကြားနေမိမှန်းပင်
စိတ်က သတိမပြုမိတော့ပါ။ သဘာဝလောကကြီးထဲတွင် အစဉ်အမြဲ ကြားနေရသော အသံများလိုပင် ကျွန်တော်တို့အဖို့ အသားကျရိုးအီကာ ရှိမှန်းပင်မသိတော့လောက်အောင်
ထုံသွားစေခဲ့ပြီလား မဆိုနိုင်ပါ။ လူတို့ အထူးအာရုံစိုက် ဖန်တီးထားသော ကောင်းမွန်လှပသည့် အသံအတွဲအစပ်ကလေးများကို
ကျွန်တော်တို့ အထူးတလည် အာရုံစိုက်နားထောင်ခြင်းမျိုး
နည်းပါးလာသည်ကတော့ အမှန်ပင်၊ ယခင်က ကက်ဆက်ခွေအဌားဆိုင်မှ
ဌားလာသော သီချင်းခွေကို ပြန်မအပ်မီ အကြိမ်ကြိမ် တရှိုက်မက်မက် နားထောင်ရသောအရသာမျိုး၊
ယခု ပြန်မရနိုင်တော့။ အလွန်ကြိုက်နှစ်သက်သည့်
သီချင်းတစ်ချို့ကို ရေဒီယိုမှ လွှင့်မည့်အချိန်စောင့်၍
နားထောင်ရ သည့် စိတ်လှုပ်ရှားမှုမျိုး
ယခု ပြန်မရနိုင်တော့။
(ရှားပါးလှတဲ့ အသံ အက်ဆေးမှ ကောက်နှုတ်ချက်)
No comments:
Post a Comment