Thursday, March 29, 2012

ဝမ်းသာ ဝမ်းနည်း



တစ်နေ့က မိတ်ဆွေ ဆရာတစ်ယောက် သတင်းပေးတာနဲ့ တလောက ပို့ထားတဲ့ မဂ္ဂဇင်း ဝထ္ထုရှည် ချင်းတွင်း မှာ ပါလာတယ်လို့ သိလိုက်ရတယ်။ ဒါနဲ့ ဒီနေ့ ပဲ သွားအထုပ်၊ အယ်ဒီတာ့ အမှာ ဖတ်လိုက်ရပြီး စိတ်မကောင်း ဖြစ်မိပါတယ်။ မဂ္ဂဇင်းကို ရပ်တော့မယ် ဆိုတဲ့ အကြောင်းလေး သတင်း ပေးထားတာပါ။ စာပေ သက်သက် ဇောင်းပေးတဲ့ မဂ္ဂဇင်းတွေရဲ့ ကျန်းမာရေး အခြေအနေ ကို ကောင်းကောင်း ညွှန်ပြနေတဲ့ ပြယုဒ်တစ်ခုလို့ပဲ မှတ်ယူမိပါတယ်။ ဒါတောင်မှ ထုပ်ဝေသူ အယ်ဒီတာ စာရေးဆရာ ကိုတာဟာ ချမ်းသာ ကြွယ်ဝသူတစ်ယောက်ပါ။ ဝါသနာ နဲ့ ကြားကန်ပြီး လုပ်နေတဲ့ တခြား မဂ္ဂဇင်းတွေရဲ့ အခြေအနေကိုတော့ တွေးတောင် မတွေးဝံ့တော့ပါဘူး။ မြန်မာစာပေ အနေအထားဟာ အရေးတကြီး ပြောင်းလဲမှုတွေလုပ်ဖို့ အချိန်တန်ပြီလို့ ယူဆမိပါတယ်။ ပြည်သူအများရဲ့ စာပေ ခံစားနိင်စွမ်းဟာ အတော့်ကို ချွှတ်ချုံကျနေပြီး ဂျာနယ်လောက်ဖတ်နိင်တော့တဲ့အဆင့်သာ ရှိပါတော့တယ်။ 
လက်ရှိအနေအထား ကတော့ ကမ္ဘာ့စာပေ နဲ့ကင်းကွာပြီး ရေးတတ်သလိုရေးနေကြတဲ့ ဖတ်ချင်တာကို ဖတ်ချင်သလို ဖတ်ပြီး ကြိုက်သလို အမွှမ်းတင်နေကြတဲ့ ရေးသူ ဖတ်သူ အသံတူ (အသံကြောင်တာချင်းတူ)
နေကြတဲ့ ရပ်ကွက်ထဲမှာ ဘာလုပ်ရမှန်း မသိလောက်အောင် စိတ်ဓါတ်ကျမိတာတော့ အမှန်ပါပဲ။

1 comment:

Unknown said...

ချင်းတွင်းလို မဂ္ဂဇင်းမျိုးတောင် ပရုပ်လုံးလို လုံးပါးပါးတဲ့ ဒဏ်ကို မခံနိုင်တော့ဘူး ဆိုတော့ မြန်မာစာပေလောက ကြီး ဗြန်းဗြန်းကွဲအောင် တိုးတက်လာတဲ့သဘောပေါ့။ တစ်လတစ်လ ထွက်လိုက်တဲ့ စာအုပ်တွေကတော့ အများကြီး၊ ဖတ်ချင်စရာကတော့ အင်မတန်ရှားတဲ့ အခြေအနေဖြစ်နေပြီ။ ရွှေတိဂုံဘုရားသမိုင်းလို စာအုပ်မျိုးက ရောင်းအကောင်းဆုံး နံပါတ်တစ်ဖြစ်နေတဲ့ မြန်မာစာပေလောက ကတော့ တိုးပြီးရင်သာ တက်ဦးမှာလေ။