အများကြိုက်
ရေးသားရိုက်ကူးထားသော
ဝတ္ထု၊
ရုပ်ရှင်များတွင်
ဗီလိန်များပြောလေ့ရှိသော
စကားတစ်ခွန်း
ရှိပါသည်။
“ဒီကောင်ကိုတော့ မှတ်လောက်သားလောက်အောင်
သင်ခန်းစာကောင်းကောင်း
ပေးရသေးတာပေါ့ကွာ”
ဟူ၍
ဖြစ်ပါသည်။
ဟုတ်သည်ရှိ၊
မဟုတ်သည်ရှိ
ကျွန်တော်တို့မှာ
ထိုစကားမျိုးကို
ကြားရလျှင်
ဧကန်မုချ
ပွဲတော့ကြမ်းလာလိမ့်မည်ဆိုတာ
ကြိုတင်ခံစားမိကြပါသည်။
ဤနေရာတွင်
သင်ခန်းစာဆိုသည်မှာ
နာကျင်မှုနှင့်
အဓိပ္ပါယ်နီးစပ်နေသလို
ဆုံးမမှုနှင့်လည်း
တိုက်ရိုက်သက်ဆိုင်နေခဲ့ပါသည်။
အခြားစကားလုံးတစ်လုံးကို
ဌားရမ်းသုံးစွဲရလျှင်တော့
နောင်တ
တရားနှင့်များ
ပတ်သက်မှုရှိနေမလားမသိ။
ဘာပဲဖြစ်ဖြစ်
ရုပ်ရှင်ပြီးသွားလျှင်တော့
ကျွန်တော်တို့
သူငယ်ချင်များအကြား
နောက်စရာ
စကားတစ်ခွန်းတော့
ရသွားကြပါသည်။
“ဒီမှာ သူငယ်ချင်း၊
သင်ခန်းစာ
ကောင်းကောင်းလိုချင်လား”
ဟူ၍
ဖြစ်ပါသည်။
ဗီလိန်များက
အလင်္ကာဆန်ဆန်သုံးသွားသော
“သင်ခန်းစာ”ကို
ဘာကြောင့်များ
တမှတ်တရ
ပြောဆိုဖို့လိုပါသလဲဟု
မေးစရာတော့ရှိပါသည်။
အဖြေကို
စာကြောင်းတစ်ကြောင်းတည်းဖြင့်
ပြည့်ပြည့်စုံစုံ
ဖြေကြားဖို့ရာ
ခက်လှပါသည်။
ပြောနိုင်သည်ကတော့
လောကကြီးတွင်
ဗီလိန်များရော၊
ဟီးရိုးများပါ
မရှိကြောင်း
နားလည်သဘောပေါက်လာသည်နှင့်အမျှ
ကျွန်တော်တို့တွင်
စိတ်ဝင်စားစရာဆို၍
သင်ခန်းစာများသာ
ရှိပါတော့သည်ဟု
ဖြေရပါလိမ့်မည်။
ဘဝတွင် သင်ခန်းစာများသည်
မည်မျှအထိ
အရေးပါနေခဲ့ပါသလဲ။
သင်ခန်းစာများသည်
ဘယ်အတိုင်းအတာအထိ
လိုအပ်နေခဲ့ပါသလဲ။
တိတိကျကျပြောရလျှင်
ကျွန်တော်တို့
ဘယ်အချိန်အထိ
သင်ယူနေရမှာလဲ။
သင်ယူခြင်းဖြစ်စဉ်သည်
ဘယ်အချိန်တွင်
ပြီးဆုံးမည်လဲမသိ။
သူငယ်ချင်းတစ်ယောက်ကတော့
“ဘဝမှာ သင်ယူလို့ကို
အကုန်နိုင်ပါဘူးကွာ”
ဟု
ညည်းပါသည်။
ဤနေရာတွင်
သူပြောချင်သော
သင်ခန်းစာမှာ
အမှားအယွင်းများကို
ဆိုလိုဟန်ရှိပါသည်။
သူထုတ်ဝေသော
ပထမစာအုပ်မှာ
မျက်နှာဖုံးတွင်မှ
စာလုံးပေါင်းမှားပါသည်။
“ကျွန်တော်
တစ်အုပ်လုံးကို
အနည်းဆုံး
လေးခေါက်လောက်
ပရု(ဖ်)
ဖတ်ပါတယ်ဗျာ၊
မျက်နှာဖုံးကိုတော့
ဒီဇိုင်းဆရာအပ်ထားတော့
အာရုံ
သိပ်မစိုက်လိုက်မိဘူးပေါ့”
ဟု
ရှင်းပြသည်။
ဒုတိယစာအုပ်တွင်တော့
စာလုံးပေါင်း
အမှားမပါတော့၊
စာအုပ်အချိုးအစား
မှားနေခဲ့ပါသည်။
“ဖလင်သမားကတော့
ဒုက္ခပေးသွားပြန်ပြီဗျာ၊
စက္ကူတွေတော့
ကုန်တော့မှာ
သေချာတယ်”
ဟု
ငြီးသွားပါသည်။
တတိယတစ်အုပ်တွင်တော့
စာလုံးပေါင်းသတ်ပုံလည်းမမှား၊
စာအုပ်ဆိုဒ်လည်း
မှန်ပါသည်။
သို့သော်
စာအုပ်ထုတ်ဝေခွင့်
သက်တမ်းတိုးသောအခါမှ
ဝေါဟာရ
အသုံးအနှုန်းနှင့်
ပတ်သက်ပြီး
အပြောင်းအလဲဖြစ်သဖြင့်
ဒုက္ခများရပါသေးသည်။
“ဘာပဲဖြစ်ဖြစ် သင်ခန်းစာရတာပေါ့ကွာ”
ဟု
ကျွန်တော်ကနောက်လျှင်
“သင်ခန်းစာတွေကတော့ လုံလောက်ပြီ
ထင်ပါတယ်ကွာ၊
တစ်ကိုယ်လုံးလည်း
ဒဏ်ရာဒဏ်ချက်တွေချည်းပါပဲ”
ဟု
ငိုသံပါကြီးနှင့်
ပြောပါသည်။
အများအားဖြင့်
ကျွန်တော်တို့သည်
မကြာခဏ
ရရှိတတ်သော
နောင်တများကို
ဖြေသိမ့်နိုင်ဖို့အတွက်
ယင်းတို့ကို
အကောင်းဘက်မှ
ရှုမြင်ပြီး
သင်ခန်းစာဟု
ခေါင်းစဉ်တပ်လေ့ရှိပါသည်။
အိမ်နားမှ
ဦးလေးကြီးတစ်ယောက်သည်
တစ်နေကုန်
တစ်နေခန်း
အရက်သောက်လေ့ရှိသည်။
သူ၏
အရက်သက်တမ်းမှာ
ကျွန်တော့်အသက်ထက်
ကြီးပါသည်။
တစ်လောကမှ
အသည်းခြောက်ရောဂါ
ရသဖြင့်
ဆေးရုံတက်ရသည်။
ပါးစပ်မှ
သွေးတပွက်ပွက်
အန်နေခိုက်တွင်မှ
“ ဘဝရဲ့ သင်ခန်းစာတစ်ခုပေါ့ကွာ”ဟု
ကျွန်တော့်ကို
ပြောပါသည်။
သို့သော်
သူ့သင်ခန်းစာမှာ
အသုံးချဖို့ရာ
အတော့်ကို
နောက်ကျခဲ့ပါပြီဟု
ကျွန်တော်
ပြန်မပြောချင်တော့ပါ။
ဘဝတွင် သင်ခန်းစာများသည်
အသုံးမချနိုင်လောက်အောင်
များပြားနေခဲ့ပါပြီလား။
ဒါမှမဟုတ်
အသုံးချဖို့ရာ
နောက်ကျလွန်းနေခဲ့ကြပြီလား
မသိပါ။
ဤသင်ခန်းစာများကိုပင်
အခြားစကားလုံး
တစ်လုံးဖြင့်
“အတွေ့အကြုံ” ဟူ၍လည်း
ပြောနေကြပါသေးသည်။
ဤနေရာတွင်
အတွေ့
အကြုံများသော
လူတစ်ယောက်ဟု
ဆိုလိုက်သည်နှင့်
ထိုလူသည်
တလွဲတချော်ကိစ္စများမှ
သင်ခန်းစာကောင်းကောင်း
ရထားပြီးသူဟု
သဘောပေါက်ထားဖို့
လိုပါသည်။
ဤရှုထောင့်မှ
ကြည့်လျှင်တော့
သင်ခန်းစာများသည်
နှစ်လိုဖွယ်ရာကောင်းနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော်
အတွေ့အကြုံများသော
သူကို
မည်သူမဆို
လိုလားကြသည်
မဟုတ်ပါလား။
“သမားဆို အိုမှ”
ဟု
ကျွန်တော်တို့
ပြောလေ့ရှိကြသည်။
အလုပ်ခေါ်စာများတွင်
အလုပ်အတွေ့အကြုံ
အနည်းဆုံး
ဘယ်နနှစ်ရှိရမည်ဟု
တောင်းဆိုလေ့ရှိပါသည်။
ခြေထောက်နှစ်ချောင်းနှင့်
ကွင်းထဲပတ်ကန်နေရသော
ဘောလုံးပွဲတွင်တောင်မှ
နိုင်ငံတကာအတွေ့အကြုံတို့
ဘာတို့ကို
စကားထဲထည့်ပြောကြရသည်
မဟုတ်လား။
ဤသို့
အတွေ့အကြုံကို
အရေးတယူပြောဆိုနေသည်ကို
လူငယ်များကတော့
သဘောကျကြမည်မထင်ပါ။
လူကြီးများကတော့
ခပ်မြိန့်မြိန့်ပြုံးပြီး
အခန့်သား
နားထောင်နေကြပေလိမ့်မည်။
အတွေ့အကြုံတို့၊
သင်ခန်းစာတို့ဆိုသည်မှာ
လူငယ်များ
အတွက်တော့
ဆေးခါးကြီးတစ်ခွက်ပင်
မဟုတ်ပါလား။
တစ်ဖက်ကကြည့်ပြန်လျှင်လည်း
သင်ခန်းစာတို့၊
အတွေ့အကြုံတို့
ဆိုသည်မှာ
အနာဂါတ်အတွက်
ကျိန်းသေပေါက်
အသုံးဝင်လိမ့်မည်ဟု
အပ်ကျမပ်ကျ
ပြောဆိုဖို့ရာ
ခက်နေခဲ့ပါသည်။
အထက်တွင် ဖော်ပြခဲ့သော
စာအုပ်ထုတ်ဝေသူ
သူငယ်ချင်း၏
အဖြစ်ကိုကြည့်လျှင်
ပြဿနာများသည်
အမြဲသစ်ဆန်းနေသည်ကို
တွေ့ရပါလိမ့်မည်။
ပြဿနာအသစ်များကို
ဖြေရှင်းပုံအဟောင်းများဖြင့်
ပြေလည်စေနိုင်ပါ့မလားဆိုတာ
စဉ်းစားစရာရှိလာခဲ့ပါသည်။
ယနေ့ခေတ်တွင်
အလျင်စလို
ထွန်းကားလာနေသော
အဆန်းတကြယ်
နည်းပညာများအလယ်တွင်
အတိတ်နေ့များဆီက
သင်ခန်းစာအဟောင်းများသည်
မျက်စိသူငယ်နားသူငယ်
ဖြစ်နေဖို့သာ
ရှိနေတော့သည်
မဟုတ်လား။
ဤသို့ ဆိုလိုက်ပြန်သဖြင့်
လူကြီးများက
ရှူးရှူးရှားရှား
ဖြစ်သွားကြပြီး
လူငယ်များက
ဝူးဝူးဝါးဝါးဖြင့်
လက်ခမောင်းထခတ်ချင်
ခတ်ကြပေလိမ့်မည်။
သို့သော်
မမေ့မလျော့
ရှိစေချင်သည်မှာ
ပြဿနာများရှိနေသရွေ့
သင်ယူမှုများလည်းရှိနေဦးမည်
ဆိုတာပင်။
ထို့အပြင်
သင်ယူမှုတိုင်းတွင်
နာကျင်မှုများ
အထိုက်အလျောက်
တွဲပါလာနိုင်သေးသည်ဆိုတာပင်။
တစ်ခါတစ်ရံ
စဉ်းစားမိလျှင်
ဘဝဆိုတာ
သင်ခန်းစာများ
စာမျက်နှာအပြည့်
ရေးသားထားသော
စာအုပ်တစ်အုပ်နှင့်ပင်
တူနေသေးတော့သည်။
နောက်ဆုံး
ခေါင်းမချခင်အချိန်ထိ
သင်ယူစရာများနှင့်
ပြည့်နှက်နေခဲ့သည်။
တကယ်တော့
ကျွန်တော်တို့သည်
ငယ်စဉ်ကလေးဘဝ
ကတည်း
ကပင်
သင်ခန်းစာများကို
ကျောင်းစာအုပ်ထဲတွင်
သင်ယူခဲ့ကြရသည်။
သို့သော် သည်လိုအတွေးမျိုးခေါင်းထဲ
တစ်ခါမျှ
ဝင်မလာခဲ့ဖူးပေ။
စာသင်နှစ်
ကုန်ဆုံးသွားသည်နှင့်
သင်ခန်းစာများ
ကုန်ဆုံးသွားလိမ့်မည်ဟုသာ
မှတ်ယူထားခဲ့မိပါသည်။
သူငယ်ချင်းပြောသလို
“ဘဝမှာ သင်ယူလို့ကို
မကုန်နိုင်ပါဘူးကွာ”
ဟု
ညည်းတွားတတ်လာသော
အချိန်တွင်တော့
ဘာကိုမှ
လောဘတကြီး
သင်ယူဖို့
စိတ်မပါတော့ပါ။
အချို့သော
ဘာသာတရားများတွင်
ဘဝအဓိပ္ပါယ်ကို
“သင်ယူခြင်း” ဟု
ဖွင့်ဆိုကြပါသည်။
ဆိုလိုသည်မှာ
တစ်စုံတစ်ရာကို
နားလည်းသဘောပေါက်စေဖို့အတွက်
ကျွန်တော်တို့
လူဖြစ်လာကြပါသည်။
ဥပမာ- မိန်းမဘဝကို
နားလည်စာနာမှုမရှိ၊
အနိုင်ကျင့်
နှိပ်စက်တတ်သော
ယောင်္ကျားတစ်ယောက်ကို
နားလည်သဘောပေါက်စေရန်
အကောင်းဆုံးနည်းမှာ
မိန်းမလုပ်ခိုင်းခြင်းသာ
ဖြစ်ပါသည်။
ဤသို့ဖြင့်
ထိုသူသည်
နောက်ဘဝတွင်
မိန်းမအဖြစ်
ပြန်လည်
မွေးဖွားလာပါသည်။
စစ်သားဘဝ၏
အမိန့်နာခံရခြင်း၊
စည်းကမ်းသေဝပ်ခြင်း
စသည်တို့ကို
နားလည်စာနာမှုမရှိသော
လူတစ်ယောက်သည်
နောင်ဘဝတွင်
စစ်သားတစ်ယောက်အဖြစ်
ပြန်လည်မွေးဖွားလာခြင်းဖြင့်
စစ်သားဘဝကို
ကောင်းကောင်း
သဘောပေါက်သွားပေလိမ့်မည်။
ဤအမြင်ဖြင့်
ကြည့်လျှင်တော့
ဘဝဆိုတာ
လေ့ကျင့်ကွင်းတစ်ခုပမာ
ဖြစ်နေခဲ့သည်။
ဘာတွေ
လုပ်ခဲ့ပြီးပြီလဲ
ဆိုတာထက်
ဘာတွေနားလည်ခဲ့ပြီလဲဆိုတာက
ပိုအရေးပါနေခဲ့သည်။
ဘယ်လိုနေထိုင်ခဲ့သလဲဆိုတာထက်
ဘယ်လိုသင်ယူခဲ့သလဲဆိုတာက
ပိုအဓိကကျနေခဲ့သည်။
“တစ်ခါတစ်ရံ
မိုးသက်လေပြင်းများ
ကျရောက်နိုင်သည်”
ဟုဆိုသော
မိုးလေဝသ
သတိပေးကြေညာချက်တစ်ခုလိုပင်
သင်ခန်းစာများသည်
ကျွန်တော်တို့၏
ခရီးလမ်းပန်းတစ်လျှောက်
အမြဲလို
သတိပေးနေခဲ့သည်။
ထိုသတိပေးချက်များသည်
အတိုင်းအတာ
တစ်ခုအထိ
အသုံးဝင်
ကောင်းဝင်မည်
ဖြစ်သော်လည်း
အလွန်အကျွံ
ဖြစ်သွားခဲ့လျှင်တော့
အကြောက်လွန်ခြင်း
phobia အဆင့် ရောက်ရှိသွားနိုင်ပါသည်။
ထိုအခါ ဘရိတ်ငြိနေသော
ကားတစ်စီးလို
တွန့်ဆုတ်တွန့်ဆုတ်ဖြင့်
ဘာကိုမှ
မလုပ်ရဲမကိုင်ရဲ
လူညွန့်တုံးဖို့ရာ
ရှိနေခဲ့သည်။
တစ်ဖက်တွင်လည်း
တွေ့ခဲ့ကြုံခဲ့ရသမျှ
သင်ခန်းစာမယူတတ်သူအဖို့
ဘရိတ်ပေါက်နေသော
ကားတစ်စင်းလို
ဟိုဝင်တိုက်၊
ဒီဝင်တိုက်နှင့်
မမှောက်မချင်း
ခရီးဆက်
နေပေဦးမည်။
တကယ်တော့ သင်ခန်းစာဆိုသည်မှာ
တစ်နေရာရောက်လျှင်
နာမည်တစ်မျိုးပေးလေ့ရှိသော
လူလိမ်တစ်ယောက်နှင့်တူပါသည်။
အမှားအယွင်းတစ်ခု
ကြုံရတိုင်း
အသွင်သဏ္ဍာန်တစ်မျိုးမျိုးဖြင့်
ပေါ်လာလေ့ရှိပါသည်။
၎င်း၏
အနှစ်သာရကတော့
တစ်ခုတည်းသာ။
လွဲချော်မှုတိုင်းတွင်
၎င်း၏
ဆန့်ကျင်ဘက်
အမှန်တရားတစ်ခု
ရှိလိမ့်မည်ဟု
ကြိုတင်ခံယူထားသော
လူ့စိတ်၏
ဆင်ခြင်တတ်သော
သဘာဝတစ်ခုသာ
ဖြစ်ပါတော့သည်။
Voice
Journal
No comments:
Post a Comment