Monday, January 11, 2016

အနီရောင် မှတ်စု စာအုပ် (၁)

၁၉၇၂ တုန်းကပေါ့ဗျာ၊ ကျွန်တော့်မိတ်ဆွေရင်းချာထဲက တစ်ယောက်မှာ ဥပဒေနဲ့ပက်သက်ပြီး ဒုက္ခရောက်ရတယ်။ ဒီတုန်းက သူမက အိုင်ယာလန်မှာ၊ ဆလီဂိုမြို့နဲ့ သိပ်မဝေးလှတဲ့ ရွာငယ်လေးမှာ နေတယ်။ ဖြစ်ပုံက တစ်နေ့မှာ အရပ်ဝတ်စုံထောက်တစ်ယောက် သူမရဲ့ တိုက်ပုလေးဆီမောင်းချလာပြီး တရားရုံးကို ဆင့်ခေါ်တဲ့ သမ္မာန်စာ ကို ပြတယ်။ အမှုက ရှေ့နေငှားရတဲ့အထိအောင် ကြီးတယ်။ ကျွန်တော့်မိတ်ဆွေလည်း အနီးအနား လှည့်မေးကြည်တော့ ရှေ့နေတစ်ယောက်ရဲ့ နာမည်ကို ရလာတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့လည်း နောက်တစ်နေ့ မနက် မြို့ထဲကို ဘိုင်စကယ်စီးပြီး အဲဒီပုဂ္ဂိုလ်ကို သွားတွေ့ကာ အမှုကိစ္စ ဆွေးနွေးကြတယ်။ အဲဒီမှာ ကျွန်တော် အံအားသင့်မိတာက ဒီရှေ့နေဟာ Argue and Phibbs လို့ အမည်ရတဲ့ အတိုင်ပင်ခံကုမ်ပဏီတစ်ခုက ဖြစ်နေတယ်။
ဒါ တကယ့် အဖြစ်မှန်ပါ။ ကျွန်တော်ပြောတာ မယုံယင် ဆလီဂို ကို သွားပြီး ကျွန်တော်လုပ်ဇတ်ခင်းတာ ဟုပ်မဟုပ် ကိုယ်တိုင်သွားကြည့်ကြပါလို့ ဖိတ်ခေါ်ပါတယ်။ ဒီနာမည်တွေကို လွန်ခဲ့တဲ့ အနှစ်နှစ် ဆယ်လောက်က ကြားခဲ့ရတာဖြစ်ပေမယ့် သူတို့တွေဟာ အပြင်မှာ တကယ်ရှိတဲ့ လူတွေ ဆိုတာ ကျွန်တော် သက်သေပြနိင်ပါသေးတယ်။ လူတစ်ယောက်ဟာ နောက်တစ်ယောက်နာမည်နဲ့ ပေါင်းလိုက်လို့သိပ်အရသာ ရှိလှတဲ့ ပြက်လုံး တစ်ခု ဥပဒေလောကမှာ ပြောစမှတ်ပြုလောက်စရာ ဟာသ တစ်ခု ဖြစ်သွားတာကို ကြည့်ပြီး ယုံရခက်ခက် တောင်ဖြစ်မိတယ်။
နောက်ဆုံးကြားရသလောက်တော့ (လွန်ခဲ့တဲ့ သုံးလေးနှစ်အထိ) အဲဒီ အတိုင်ပင်ခံ အုပ်စု ဟာ အောင်မြင်ဖြစ်ထွန်း နေတုန်းပါပဲတဲ့။

(ဘာသာပြန်သူ မှတ်ချက်။ ဒီနေရာမှာ Argue and Phibbs ဆိုတဲ့ လုပ်ငန်းနာမည်မျိုးဟာ သူတို့ဆီမှာ တွေ့ဖို့ အလွန်မဖြစ်နိုင်တဲ့နာမည်၊ တမင်ရယ်ရအောင် ထွင်ထားတဲ့ နာမည်များလားလို့တောင် ထင်ရနိုင်တဲ့ မတော်မတဲ့နိုင်တဲ့နာမည်တစ်ခုပါ။ သို့ပေမယ့် ဒီနာမည်ဟာ ဥပဒေအကြံပေးလုပ်ငန်းကို စပ်တူထောင်ထား ကြတဲ့ Mr.W.H.Argue နဲ့Mr Talbot Phibbs တို့ နှစ်ယောက် ရဲ့နာမည်ကို ပေါင်းလိုက်ရာကနေ တိုက်တိုက် ဆိုင်ဆိုင် ဖြစ်သွားတဲ့ နာမည်ပါ။ အဲဒီ ကုမ်ပဏီဟာ ၁၉၄၄ Mr Phibbs ကွယ်လွန်ချိန်အထိ အမှန်တကယ် တည်ရှိခဲ့ပါတယ်)

(From The Red Notebook by Paul Auster)

No comments: