Sunday, July 28, 2013

ဘာသာပြန် စာမူများ ဖိတ်ခေါ်ခြင်း

လက်ရှိ မြန်မာ စာပေ တိုးတက်ဖို့ရာ နိင်ငံတကာ စာပေ ကို ကျွန်တော်တို့ တွေ ပို ဖတ်ဖို့  ပိုလေ့လာဖို့ လိုတယ်လို့ ယုံကြည်ပါတယ်။ ဒီ့အတွက် ရည်ရွယ်ချက်တူတဲ့ မိတ်ဆွေ စာရေးဆရာ တစ်ယောက် နဲ့ ဘာသာပြန် စာပေမဂ္ဂဇင်းတစ်စောင်လောက် လုပ်ကြဖို့ရှိပါတယ်။ သုံးလတစ်ကြိမ်လောက်ထုပ်ဖို့ ရည်မှန်းထားပါတယ်။ စာပေ ခေါင်းစဉ်အောက်မှာ ရှိတဲ့ ဝထ္ထုတို၊ရှည်၊ကဗျာ၊အက်ဆေး၊  ပြဇတ်၊ခရီးသွားစာပေ၊ အထုပတ္တိစာပေ၊ စာပေအင်တာဗျူး စတဲ့ ကဏ္ဍအသီးသီး ထည့်သွင်းသွားမှာပါ။ နိင်ငံတကာစာပေကို စိတ်ဝင်တစား ဖတ်ရှုလေ့လာမှုအားကောင်းတဲ့ စာရေးဆရာများရဲ့ ဘာသာပြန်လက်ရာများကိုအမြဲမပြတ်
ထည့်သွင်းသွားဖို့ ရည်ရွယ်ထားပါတယ်။  ဒီ့အတွက် နိင်ငံတကာစာပေ အဆီအနှစ်များကို ပြန်ဆိုပေးပို့ကြဖို့ ဒီနေရာကနေ ဖိတ်ခေါ်လိုက်ပါတယ်။ စာမူပေးပို့လိုပါလျင် အောက်ပါ အီးမေးလိပ်စာအတိုင်း ပေးပို့နိင်ပါသည်။

denovo74@gmail.com

No comments: