Monday, October 15, 2012

ဝက်ခြံ

သတိထား
ဝက်တွေ နေတဲ့ခြံမဟုပ်ဘူး
မျက်နှာမှာ ခင်းကျင်းထားတဲ့ ဝေဒနာ

ပြဿနာက 
ကြည့်သူရော အကြည့်ခံပုဂ္ဂိုလ်ပါ ကသိကအောက်
ကုသူရော အကုခံသူပါ မသက်မသာ

ဟော်မုန်းကြောင့်တဲ့
ပိုးဝင်တာတဲ့
မျိုးရိုးနဲ့များ ဆိုင်သေးလား
အိပ်ရေးပျက်ရင်လည်း ဖြစ်တယ်
ညှော်ခံလို့လား
ဘာမဆို ဖြစ်နိင်တာပဲလား

ပျိုရွယ်မှုရဲ့ သင်္ကေတ 
လိင်ဆန္ဒရဲ့ အမှတ်သညာ
ဘာဘာညာညာ
ဝက်ခြံဟာ
မဆီမဆိုင် နာမည်တပ်ခံရ
ကြံကြံဖန်ဖန် နာမည် ဖျက်ခံရ
ဝက်ခြံဟာ ဝက်ခြံမဟုပ်တဲ့ အဓိပါယ်တွေနဲ့ပဲ
ဆက်ဆံနေရ၊
ဝက်ခြံဟာ သူ့နေရာ မဟုပ်ပဲ ကျူးကျော်သူ တစ်ယောက်လို
မောင်းထုပ်ခံနေရ
တကယ်တော့
ဝက်ခြံဟာ လူမျိုးမရွေးဘူး ၊ ဘာသာ မရွေးဘူး
ဒေသမရွေး၊ ကာလ မရွေး ရှိနေတဲ့ အမှန်တရား
လူတစ်ယောက်ရဲ့ အမှတ်အသား

ဒါပေမယ့် 
ကံကြမ္မာလို့ပဲ ပြောပြော 
ဝက်ခြံဟာ 
ဘယ်တော့မဆို
မချစ်သော်လည်း အောင့်ကာနမ်းသူတွေနဲ့ပဲ 
အမြဲ ကြုံနေခဲ့ရတယ်။          ။


ဒီနိုဗို
၁၉ ဇူလိုင် ၂၀၁၁

4 comments:

ymt said...

In the name of former famous surgeon, you
have been showing sharpness of pen.
i m ymo

ymt said...

In the name of former famous surgeon, you
have been showing sharpness of pen.
i m ymo

ymt said...

In the name of former famous surgeon, you
have been showing sharpness of pen.
i m ymo

ပျိုးယုဝသုန် (Pyo Yu Wathone) said...

အိုင်ဆိုထရီတီနိုဝင်ကို ဘယ်ဝက်ခြံမှ မခံနိုင်..