ပြေးခြင်းနဲ့
ပက်သက်ပြီး စာအုပ်တစ်အုပ်ရေးဖို့ စဉ်းစားလာတာ ဆယ်နှစ်လောက်တောင် ရှိပါပြီ။ ဒါပေမယ့်
ဘယ်လိုပုံစံရေးမလဲ တစ်မျိုးပြီးတစ်မျိုး စဉ်းစားယင်း နှစ်ချီ ကြာသွားခဲ့တယ်။ တကယ်တမ်း
ဘယ်တော့မှ ချမရေး ဖြစ်ခဲ့။ အပြေးဆိုတာ ချရေးဖို့ရာ အတော့်ကို ဝါးတားတားနိင်တဲ့အကြောင်းအရာပါ၊
အဲဒါနဲ့ပက်သက်ပြီး ကျွန်တော် ဘာပြောသင့်သလဲဆိုတာ စဉ်းစားရတာ အတော် ခေါင်းစားလှပါတယ်။
တစ်ချိန်မှာတော့
အပြေးနဲ့ ပက်သက်ပြီး ကျွန်တော်တွေးမိတာ၊ ခံစားမိတာကို ရိုးရိုးသားသားပဲ ချရေးဖို့ ဆုံးဖြတ်လိုက်တယ်။
ကျွန်တော့် ပင်ကိုယ်စတိုင်အတိုင်းတော့ ဖြစ်ရမှာပေါ့။ ဒါဟာ ကျွန်တော် ရေးဖြစ်ဖို့ တစ်ခုတည်းသော
နည်းပဲဆိုတာ သိတယ်။ ကျွန်တော် ၂၀၀၅ ကနေ ဖြေးဖြေးချင်း စရေးဖြစ်တာ ၂၀၀၆ ဆောင်းဦးမှာ
အဆုံးသတ်နိင်ခဲ့တယ်။ တစ်ချို့နေရာမှာ ကျွန်တော့် အရင် အရေးအသားတွေကို ကိုးကားတာက လွဲလို့
ဒီ စာအုပ်ရဲ့ အများစုက ကျွန်တော့် အတွေးတွေ၊ ခံစားမှုတွေကို တစ်ချိန်တည်းမှာ မှတ်တမ်းတင်
ထားတာတွေပါ။
ကျွန်တော် တစ်ခုသတိထားမိတာက အပြေးအကြောင်း အရှိအတိုင်း ရေးသားခြင်းနဲ့ ကျွန်တော့်အကြောင်း
မကွယ်မဝှက် ရေးသားခြင်းဟာ အတူတူလိုဖြစ်နေတာပဲ။ ဒီ့အတွက် ဒီစာအုပ်ကို အပြေး
အကြောင်း
တည်ပြီး ရေးထားတဲ့ ကိုယ်တွေ့မှတ်တမ်း စာအုပ်အဖြစ်လည်း မှတ်ယူနိင်ပါတယ်။
ဒီစာအုပ်မှာ
ပါတာတွေကို ကျွန်တော့်အနေနဲ့ ဒဿန လို့တော့ မခေါ်ချင်ပေမယ့် ဘဝသင်ခန်းစာလို့ အမည်
တပ်လို့ရနိင်ပါတယ်။
သိပ်တော့အများကြီးမဟုပ်ပါဘူး။ ဒါပေမယ့် ဒီ သင်ခန်းစာတွေဟာ ကျွန်တော့်ခန္ဒာ
ကိုယ်ကို
ရွေ့လျားမှုထဲ အမှန်တကယ် ပစ်သွင်းပြီး ရလာတဲ့ ကိုယ်တွေ့သင်ခန်းစာတွေပါ။ ဒီကနေ ရလိုက်တာ
ကတော့ ဝေဒနာဟာ ကိုယ့်ခံယူမှုပါ ဆိုတာပါပဲ။ ဒီ သင်ခန်းစာတွေကို ယျေဘူယျ ပြုလို့တော့
မရနိင် ပါဘူုး။ ဘာကြောင့် ဆို ဒါဟာ ကျွန်တော့်လို လူမျိုးက ပြောတဲ့ စကားဖြစ်နေလို့ပါပဲ။
(ဟာယူကီ မူယာကာမိ )
No comments:
Post a Comment