မနက်မိုးလင်းလင်းချင်းသတင်းစာကိုကောက်ဖတ်လိုက်သည်နှင့်
“ကမ္ဘာ့အမြန်ဆုံးလူသားမည်သူဖြစ်မည်နည်း”ဟူသော ခေါင်း စည်းနှင့် အားကစားသတင်းတစ်ပုဒ်ကိုဦးစွာဖတ်ရှုလိုက်ရပါသည်။
ဆက်တိုက်ဆိုသလိုကျွန်တော့်ခေါင်းထဲတွင်မေးခွန်းတစ်ခု
အလျင် အမြန်ဝင်ရောက်လာခဲ့သည်။လူတွေဘာကြောင့်များဤမျှအလျင်လိုနေခဲ့ပါသလဲ။
လူတို့၏သက်တမ်းနှင့်မမျှလောက်အောင်လုပ်စရာတာ
ဝန်များ၊များပြားနေခဲ့ပါပြီလား
သို့မဟုတ်ကမ္ဘာ့အမြန်ဆုံးလူသားဆိုသည့်ဘွဲ့ထူးဂုဏ်ထူးများကိုပိုင်ဆိုင်လို၍ပဲလား။
ကျွန်တော့်အနေနှင့် တော့ဤလိုဘွဲ့ထူးဂုဏ်ထူးများအတွက်
ဘဝကိုအလျင်စလိုမဖြတ်သန်းချင်ပါဘူး၊
နေခွင့်ရတဲ့အချိန်လေးမှာတော့ဘဝကိုရုပ်ရှင်ကားတစ်
ကားလိုခံစားချင်မိပါသေးတယ်။
ဒီလိုနဲ့အတွေးတွေကိုတပါတည်းသယ်ဆောင်ယင်း
ကျွန်တော်ဟာမနက်ခင်းထဲလျှောက်လှမ်းလာခဲ့ပါသည်။လမ်းတစ်လျှောက်
တွင်တော့အနှေးပြေးနေသောလူများနှင့်ပြည့်နှက်လို့၊
ကျွန်တော်တအံ့တသြဖြင့်ကြည့်နေမိပါသည်။
ဤလူများကကောဘာ့ကြောင့်မြန်မြန်
မပြေးကြတာလဲ၊ ဘဝ၏နိဂုံးပန်းတိုင်ကိုစောလျင်စွာရောက်ရှိသွားမှာစိုးကြ၍ပဲလား၊
မလွှဲမရှောင်သာသွားနေရသောခရီးကိုမရှည်ရှည်
အောင်အတတ်နိုင်ဆုံးဆွဲဆန့်နေခဲ့ကြသည်ပဲလား။
မည်သို့ပင်ဖြစ်စေ၊ သဘာဝအပြုအမူမဟုတ်သောထိုသူတို့ကိုကြည့်ရသည်မှာ
အနှေးရိုက်ရုပ်ရှင်တစ်ကွက်ကိုကြည့်ရသလို၊
ရယ်စရာကောင်းနေခဲ့ပါသည်။
ဤသို့ဖြင့်နောက်ဆုံးတွင်ကျွန်တော်သည်
အဘိုးရှိရာတရားရိပ်သာသို့ရောက်လာခဲ့ပါသည်။ရိပ်သာတစ်ခုလုံးသည်
တိတ်ဆိတ် ငြိမ်သက်လို့နေပါသည်။
လှုပ်ရှားမှုဆို၍နတ္ထိ၊
တရားထိုင်နေသောယောဂီများသည်
စိတ်ရောရုပ်ပါတည်ငြိမ်အောင်အားထုတ်နေကြသည်။
လှုပ်ရှားမှုမရှိအောင်အားထုတ်နေကြပါသည်။
သူတို့သည်လည်ပတ်နေသောဘဝကို
ရပ်တန့်အောင်ကြိုးစားနေခဲ့ကြသည်လား။
အရှိန် အဟုန်ပြင်းသောကံ၊ကံ၏အကျိုးဆက်များကို
ငြိမ်သက်ရပ်တန့်အောင်အားထုတ်နေခဲ့ကြသည်လား၊
ရုပ်ရှင်ကားထဲရှိရုပ်ငြိမ်ပြကွက်များလို
ဖြစ်နေသောမြင်ကွင်းကိုကြည့်ရင်း
ကျွန်တော်တွေးနေမိပါသည်။
ဒီနိုဗို
၁၅.၁၁.၉၉